အခုနှစ် အကယ်ဒမီ ပေးပွဲ အခမ်းအနား အပြင်အဆင် အပေါ် ပြေတီဦး သုံးသပ်ချက်

ပြေတီဦးက "နှင်းဆီတစ်ထောင်" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး ဒီဇာတ်ကား က ပဟေဠိ ပုံစံလေးဖြစ် တဲ့အတွက် သူရိုက်ကူးနေကျ ပုံစံမျိုး မဟုတ်ကြောင်းပြော ပါတယ်။ ဒီ ဇာတ်လမ်းမျိုး ရိုက်ရတာသူ့အတွက် ပထမဆုံး အကြိမ်ပဲဖြစ်တယ် လို့ ပြောလာတဲ့ ပြေတီဦးက..

"ပုံစံက ညိုမင်းလွင် ရိုက်နေ ကျ ပုံစံမျိုးလေးပါ။ သူတအားကြိုက် တဲ့ ဇာတ်လမ်း ပုံစံမျိုးပေါ့။ အရင် က သူနဲ့ရိုက်ဖူးတဲ့ ကားတွေ အများ ကြီးပဲ။ ဒါပေမဲ့ ဒီလို ပုံစံမျိုး မရိုက် ဖူးဘူး။ ပထမဆုံး အကြိမ်ပဲ။ ဇာတ် ရုပ်ကတော့ လူငယ်ပုံစံပဲ။ ပဟေဠိ ဆန်ဆန် ဇာတ်မျိုးလေး ဆိုတော့ မရိုက်ဖူးဘူး။ ဇာတ်လမ်း ပုံစံက တစ်မျိုးပေါ့။ ဖန်စီပုံစံလေး ဆိုတော့ လူငယ်ကြိုက်ပေါ့။ အခုနောက်ပိုင်း မှာ ဒီလိုမျိုးက ပရိသတ်တွေ မမြင် ရတာ ကြာပြီလေ။ ဒီအချိန် ပြန်ရိုက် တော့ ပရိသတ်တွေလည်း ကြိုက်မှာပါ။ ဒါပေမဲ့ ဒီလိုပုံစံ မျိုးကြီး ရေရှည် ဆိုရင်တော့ သိပ်ပြီး အဆင်ပြေချင် မှပြေမယ်။ နောက်တစ်ခါ ညိုမင်းလွင်နဲ့ ထပ်ဆုံပြီ ဆိုရင်တော့ ဇာတ်လမ်း ပုံစံနောက်တစ်မျိုး ထပ် ပြောင်း မှာပါ"လို့ပြောပြပါတယ်။

ပြေတီဦးက ရုပ်ရှင်ကားကြီး တွေကို ၂လပိုင်း၊ ၃လပိုင်း၊ ၄လ ပိုင်းတွေမှာ ၃ ကားရိုက်ကူးဖို့ ရှိ တယ်လို့လည်း ပြောပြပါတယ်။ ကြော်ငြာ၊ ဗီဒီယိုတွေ ဆက်တိုက် ရိုက်ကူး ဖို့ ရှိပေမယ့် ရုပ်ရှင်ဇာတ် ကားတွေကိုတော့ အများကြီး မရိုက် ဖြစ်ဘူးလို့ ပြောပြတဲ့ ပြေတီဦးက

"အခုလောလော ဆယ်တော့ ဒီ ၃ကားပဲ လက်ခံထားတယ်။ အဲ ဒီလောက်ပဲ ရိုက်ဖြစ်ဖို့ များတယ်။ ရုပ်ရှင်က တစ်နှစ်ကို သိပ်အများ ကြီး မရိုက်ဘူး။ အခု ၃ကား လောက် ရိုက်ဖြစ်မယ် ဆိုတော့ ၂ဝ၁၃ အတွက် လုံလောက်ပြီ ထင် တယ်။ ရုပ်ရှင်ကားတွေ ရိုက်တဲ့ အချိန်မှာ တကယ် ရိုက်ချင် စိတ်ဖြစ်တာ၊ ပရိသတ်တွေ အတွက် လည်း ကြည့်ရတာ တန်မယ် ထင်တဲ့ ကားမျိုးတွေ ပဲ ရွေးရိုက်တာ များတယ်။ ကားကြီးဖြစ် ရင်ပြီး ရော ဆိုတာမျိုး မရိုက် ချင်တော့ဘူး။ တချို့ ဟာသ ကား တွေ လည်း ရိုက်ခဲ့တာ ပါပဲ။ ဒါပေမဲ့ အဲဒီ ကားရုံတင်တဲ့ အခါ ကျတော့ ထူးထူး ခြားခြား ကျန်ခဲ့တာ မျိုးလည်း မရှိဘူး။ ပရိသတ် ရင်ထဲကို ရောက်သွားတာ မျိုးလည်း မရှိ ဘူး။ အောင်မြင်မှု အရ ဆိုလည်း အရင် ခေတ် တုန်းကလို ဟာသဖြစ်ရင် ပြီး ရော အောင် မြင် တာ မျိုး မဟုတ်တော့ ဘူး။ အဲဒီလို ကားမျိုးတွေ သိပ်မရိုက်ချင်တော့ ဘူး။ ကိုယ်တကယ် သရုပ်ဆောင်တဲ့ အပိုင်းမှာ နက်နက်နဲနဲ လုပ်ရတာမျိုး၊ ပရိသတ် ရင်ထဲ ကျန်ခဲ့တာမျိုးပဲ ရိုက်ချင်တယ်။ ၃ကားမှာ "သမ္မတကြီး ခင်ဗျာ" ဆို တဲ့ ကားကို ဝတ်မှုံရွှေရည်နဲ့၊ နောက် တစ်ကားက မိုးဟေကိုနဲ့၊ နောက် တစ်ကားက ဦးညီညီထွန်းလွင် ဒါရိုက်တာ လုပ်တဲ့ကားရိုက်မယ်" လို့ ပြောပြပါတယ်။

ပြေတီဦးက ဒီနှစ် အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို လည်း အခုလိုပြောပြပါတယ်။
"ဒီနှစ်ကောင်းတဲ့ အပိုင်းတွေ ရှိသလို၊ လိုအပ်တဲ့ အပိုင်းတွေလည်း ရှိသေး တယ်။ ဥပမာ ဆုချက်ချင်း ပေးပြီး ကျေးဇူးတင် စကား ချက်ချင်း ပြောတာ က ကောင်းတယ်။ စတိတ် အခမ်းအနား အပြင် အဆင် ကတော့ အများကြီး လိုသေးတယ်။ တော်တော်များများ ပြောကြတယ်။ အကယ်ဒမီ ပေးပွဲ အခမ်းအနားကို ကြည့်ရတာ တကယ် ကိုယ့်နိုင်ငံမှာ အကြီးအကျယ်ဆုံး ပွဲတစ်ပွဲကို ကြည့်ရတာနဲ့ မတူဘူး။ ကျောင်းမှာ ကျောင်းကဆုပေး ပွဲတစ်ခုကို လုပ်တဲ့ အပြင်အဆင် လောက်ပဲလို့ ထင်ရတယ်။ ဆုပေး သွားတဲ့အပေါ်မှာ လည်း သိပ် မဝေဖန်ချင်ပါဘူး။ ဆုပေးတဲ့ အပေါ်မှာလည်း တချို့ အခက် အခဲတွေ ရှိတာလည်း ပါမှာ ပါ။ အခု အကယ်ဒမီပေးတဲ့ ဘုတ် အဖွဲ့မှာ ပါတဲ့ အနု ပညာရှင်တွေက လည်း သူတို့ရွေးချယ်မှု ရာခိုင်နှုန်းကို ထုတ် ပြန်တယ် ဆိုတာ ပရိ သတ်သိကြမှာပဲ။ လိုအပ်နေ တာတော့ ရှိနေပါသေး တယ်" လို့ပြောပြခဲ့ပါတယ်။

မေမွန်မောင်
"အခုနှစ် အကယ်ဒမီ ပေးပွဲ အခမ်းအနား အပြင်အဆင် အပေါ် ပြေတီဦး သုံးသပ်ချက်"

SHARE THIS
Previous Post
Next Post