ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့

ယနေ့(ဇန်န၀ါရီ-၁၃ ရက်) နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ဆောက်လက်စလှည်းတန်း ကုန်းကျော်တံတားအနီးယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့သည်။ ပြည်လမ်းမပေါ် ဆူးလေမှ လှည်းတန်းဘက်သို့ ဦးတည်မောင်းနှင်လာသော ၂၂၆ လိုင်းကားသည် လှည်းတန်းမီးပွိုင့်မရောက်ခင်တွင် ပလက်ဖောင်းကိုကျော်ကာ လမ်းဘေးထိုးကျသွားခဲ့သည်။ ကနဦးသတင်းများအရ ယင်းမတော်တဆမှုတွင် ဒဏ်ရာရရှိမှုကြီးကြီးမားမားမရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် ယာဉ်ထိန်းရဲအရာရှိတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးက ပြောသည်။

SHARE THIS
Previous Post
Next Post