မြောက်ကိုရီးယား တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲဖွယ်ရှိ

ပြုံးယမ်း၊ ဇန်နဝါရီ ၂၈။

ဂြိုလ်တုဓာတ်ပုံ အထောက်အထားများအရ မြောက်ကိုရီးယား
သည် တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖောက်ခွဲရန်
ပြင်ဆင်လျက်ရှိကြောင်း CNA သတင်းတွင် ဖြော်ပထားသည်။

တာဝေးပစ်ဒုံးကျည်လွှတ်တင်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူမှုပြုလုပ်ခဲ့ပြီးနောက် ဂြိုလ် တုမှတွေ့ရှိရသောဓာတ်ပုံများအရ မြောက်ကိုရီးယားနျူကလီးယား
စက်ရုံတွင်တွေ့ရသော လှုပ်ရှားမှုများသည် တတိယအကြိမ်မြောက်
နျူကလီယားစမ်းသပ်ရန်ပြင်ဆင်နေဖွယ်ရှိကြောင်း အမေရိကန် သုတေသနအဖွဲ့အစည်းတစ်ခုက ပြောကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေအထိတွေ့ရှိရသော ဂြိုလ်တုဓာတ်ပုံ အထောက်အထားများအရ မြောက်ကိုရီးယားသည် လာမည့် သီတင်းပတ်အတွင်း သို့မဟုတ် ထိုထက်ပိုစော၍ နျူကလီးယား စမ်းသပ်မှုပြုလုပ်ဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ကင်းတက္ကသိုလ်မှာ အမေရိ ကန်-ကိုရီးယားလေ့လာရေး
သုတေသန အဖွဲ့ 38 North က ထုတ်ဖော်ပြောကြားသည်။

မြောက်ကိုရီးယားနျူကလီးယားစက်ရုံနှင့် နျူကလီးယားစမ်း
သပ်မှုပြုလုပ်ဖွယ်ရှိသည့် မြေအောက်ဥမင်လိုင်ခေါင်းသို့
သွားရာလမ်းများတွင် ဆီး နှင်းများရှင်းလင်းခြင်းစသော လှုပ်ရှားမှုများကို မြောက်ကိုရီးယားနျူကလီးယားစက်ရုံတွင်
တွေ့ရှိရကြောင်း အဆိုပါ သုတေသနအဖွဲ့က ပြော ကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြောက်
ကိုရီးယားထိပ်တန်းလုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ပြုလုပ်သော အစည်းအဝေးတစ်ခု၌ အလွန်အရေးကြီးသော နိုင်ငံအဆင့် ညွှန်ကြားချက်ပေးခဲ့ပြီးနောက် နျူကလီးယားစမ်သပ်ဖောက်ခွဲမှု
ပြုလုပ်ဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လွန်ခဲ့သောရက်ပိုင်းက အဆိုပါဆွေနွေးပွဲသို့ မြောက်ကိုရီးယား စစ်ဘက်ခေါင်းဆောင် Hyon Yong-Chol၊မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ ပေါလစ်ဗြူရိုအကြီးအကဲ Choe Ryone- Hae
နှင့် မြောက်ကိုရီးယားထောက်လှမ်းရေးချုပ် Kim Won-Hong တို့တက်ရောက်ကြကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားတွင် ပြသသွားသည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များ
ကလည်း ယခုပုံစံမျိုးပြုလုပ်ခဲ့ဖူးသည်။ ယခင်နှစ်ကြိမ်စလုံး
တွင် ဒုံးကျည်စမ်းသပ်ပစ် လွှတ်ခဲ့ပြီး ကုလသမဂ္ဂက အရေး
ယူမှုခံရခြင်း၊ ထို့နောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့သည်။

ပြုံးယမ်းအနေဖြင့် တတိယအကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုပြုလုပ်ခြင်း၏ အကျိုးဆက်များကြုံတွေ့
ရနိုင်သည်ဟု အမေရိကန် က သတိပေးပြောကြားမှုကို
မြောက်ကိုရီးယား၏ အဓိကမဟာမိတ်ဖြစ်သော တရုတ် ကလည်း ထောက်ခံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် နီးစပ်သော နိုင်ငံပိုင်သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် မြောက်ကိုရီးယားသည် နျုကလီး
ယားစမ်းသပ်မှု ပြုလုပ်မည်ဆိုပါက တရုတ်အနေဖြင့် မြောက်
ကိုရီယားအပေါ်အကူအညီပေးနေမှုများကို လျော့ချမည်ဟု
ဖော်ပြထားသည်။

MTS

REF: Channel News Asia

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post