ကျိုက်ထီးရိုးဘုရားဂေါပက အဖွဲ့ပဏာမရွေးချယ်ထားပြီးမှ ဖျက်သိမ်းပြီး အသစ်ပြန်ရွေးချယ်မည်ဟုဆို

January 14, 2013Home, သတင်း 

မွန်ပြည်နယ်ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့မှာသက်တမ်း ၁၂ နှစ်ခန့်ကြာပြီဖြစ်၍ အသစ်ပြန် လည်ဖွဲ့စည်းရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့က ပဏာ မရွေးချယ်ထားပြီးကာမှ မွန်ပြည် နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကအများ ဆန္ဒနှင့်သာအဖွဲ့ဝင်များရွေးချယ် ဖွဲ့စည်းရန် သဘောထားရှိသဖြင့် ပကာမရွေးချယ်ထားမှုကို ဖျက်သိမ်း ပြီးအချိန်ယူ၍ အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရားဂေါပက အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရန် ကျိုက်ထီး ရိုးဘုရားအနီးကပ်ကြီးကြပ်မှုကော် မတီက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ၌ အဖွဲ့သက်တမ်း လေးနှစ်ဖြစ်ကြောင်း အဖွဲ့ဝင်များ ၏ အရည်အချင်းသတ်မှတ်ချက် များနှင့် အတူလက်ရှိတာဝန်ထမ်း ဆောင်လျက်ရှိသော ဂေါပကအဖွဲ့ ၀င်များလည်း ပြန်လည်ရွေးချယ် ခွင့်ရှိကြောင်း ဖော်ပြပါရှိ၍ ကိုယ်စားလှယ်များ၏ ကိုယ်ရေး ရာဇ၀င်ကို နိုဝင်ဘာ ၂၀ ရက်နေ့ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ အရောက်ပေးပို့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေး ခန်းမတွင် ကျင်းပရန်စီစဉ်ခဲ့သည်။ ဂေါပကအဖွဲ့ဝင်ဖြစ်ရေးကိုယ်စား လှယ်ရွေးချယ်ရာတွင် ကျိုက်ထို မြို့ပေါ်ခြောက်ရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာတို့မှ ငါးဦးစီ၊ ကော့ တင်း၊ ကျိုက်ပိ၊ ကင်ပွန်းချောင်း၊ မုပ္ပလင်နှင့် သိမ်မည်ကျေးရွာတို့မှ သုံးဦးစီးရွေးချယ်ရမည်ဖြစ်ကြောင်း အနီးကပ်ကြီးကြပ်မှုကော်မတီက သက်မှတ်ခဲ့သည်။ ဂေါပကအဖွဲ့ ရွေးချယ်ပွဲကို နိုဝင်ဘာ ၂၁ ရက် နေ့တွင် ကျင်းပရန်သတ်မှတ်ထား သော်လည်း သာသနာရေးဝန်ကြီး ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး မလာနိုင်သဖြင့် ရက်ရွှေ့ဆိုင်းခဲ့ရ ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လက်ရှိ ဂေါပကအဖွဲ့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသူနှင့် ယခင်ဂေါပကအဖွဲ့အဆက်ဆက်တွင်တာဝန်ထမ်း ဆောင်ခဲ့ဖူးသူများအား ရွေးချယ် ခံခွင့်မပြုတော့ဘဲအများဆန္ဒနှင့် ရွေးချယ်ထားသော ကိုယ်စားလှယ် ၃၁ ဦးကသာ လျှို့ဝှက်ဆန္ဒမဲဖြင့် ၁၅ ဦးကို ရွေးချယ်ခဲ့ကြသည်။ ယင်း ၁၅ ဦး၏ အမည်စာရင်းကို လည်း သာသနာရေးဝန်ကြီးဌာန ၀န်ကြီးရုံးနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ရုံးသို့ပေးပို့ကာ ၁၀ ဦး ကို အပြီးသပ်ရွေးချယ်ပြီး ရွေးချယ် ရေးကြီးကြပ်မှုကော်မတီမှ တိုက်ရိုက်ခန့်အပ်တာဝန်ပေးမည် သူငါးဦးနှင့် စုပေါင်းကာဂေါပက အဖွဲ့သစ်ပြန်လည်ဖွဲ့စည်းရန် စီစဉ် ခဲ့ခြင်းဖြစ်ကြောင်းသို့ရာတွင် မွန် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် က ဒေသခံအများပြည်သူဆန္ဒ အတိုင်းဖြစ်စေရန် သဘောထား ရှိသဖြင့် လကာရှိပဏာမရွေးချယ် ထားသောအဖွဲ့ကို ဖျက်သိမ်းပြီး အသစ်တစ်ဖန်ရွေးချယ်ရန် စီစဉ် နေခြင်းဖြစ်ကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။
လက်ရှိကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့မှာ နှစ်ကာလကြာ ရှည်စွာ တာဝန်ထမ်းဆောင်ခဲ့ သော်လည်း အပြောင်းအလဲမပြု လုပ်ခဲ့ဘဲရှိရာ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဘုရားရင်ပြင် တော်မှပေါ်မှ လူထမ်း၊ ကုန်ထမ်း အလုပ်သမဂ္ဂများ သမဂ္ဂ (၁၂၅/ ၂၀၁၂) က ဈေးသည်အချို့နှင့် ပူးပေါင်း၍ ဆန္ဒထုတ်ဖော်ပွဲပြုလုပ် ရန် စီစဉ်ခဲ့ပြီးတောင်းဆိုမည့်အချက် ခြောက်ချက်တွင် ကျိုက်ထီးရိုး ဘုရားဂေါပကအဖွဲ့သစ်ပြန်လည် ဖွဲ့စည်းပေးရန်ဟူသောအချက် တစ်ချက်လည်းပါဝင်သဖြင့် ယခု ကဲ့သို့အဖွဲ့စစ်ပြန်လည်ရွေးချယ် ရန် အနီးကပ်ကြီးကြပ်မှုကော်မတီ က စီစဉ်ရခြင်ဖြစ်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

မင်းနန္ဒ
HOT NEWS JOURNAL

SHARE THIS
Previous Post
Next Post