ပူဖောင်းကဲ့သို့ အသားပို အကျိတ်များ ဖြစ်ပေါ်နေသော အမျိုးသား ဆေးကုသမှု ခံယူရန် နည်းလမ်းများ ရှာဖွေလျက်ရှိ

အင်ဒိုနီးရှားနိုင်ငံမှ ဝစ်နူချန်ဒါ ရာအမည်ရှိ အမျိုးသားတစ်ဦး သည် ၎င်းခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ပူဖောင်းကဲ့သို့သော အကျိတ်များ ကိုဆေးကုသ မှုခံယူရန် နည်းလမ်းရှာဖွေလျက် ရှိကြောင်းနှင့် ၎င်း၏ ကလေးငယ် များတွင် ယင်းကဲ့သို့ အသားပို အကျိတ်များ မျိုးရိုးဗီဇကြောင့် ရောဂါဖြစ်ပွားမည်ကို ကြောက်ရွံ့စိုးရိမ် လျက်ရှိသည်။

အသက် ၅၇ နှစ်အရွယ် ရှိ ယင်းအမျိုးသားသည် ၎င်း၏ခန္ဓာ ကိုယ်ပေါ်ရှိ အသားပို အကျိတ်များကြောင့် ခံစားနေရသော အတိဒုက္ခ ရောက်နေမှုများကို ပြည်သူများထံသို့ The Learning Channel မှ ဇန်နဝါရီ ၉ ရက်တွင် တစ် နာရီကြာ မှတ်တမ်းရုပ်ရှင်ထုတ်လွှင့် ပြသသွားမည်ဖြစ်သည်။

မိမိသည် အသက် ၁၉ နှစ်အရွယ်မှ စ၍ အရေပြားပေါ်တွင် ပူဖောင်းကဲ့သို့ သော အဖုများဖြစ်ပေါ်လာခဲ့ပြီး နှစ် အနည်းငယ်အကြာတွင် လက်ထပ်ခဲ့ ကြောင်းနှင့် လက်ထပ်ပြီးသည့် အချိန်မှ စ၍ နောက်ပိုင်းတွင် မိမိ၏ ရောဂါအခြေ အနေမှာ ပိုမိုဆိုးရွားလာခဲ့ကြောင်း ဝစ်နူက ပြောကြားခဲ့သည်။

အသက် ၃၂ နှစ်အရွယ်တွင် ပူဖောင်းကဲ့သို့သော အကျိတ်များသည် မျက်နှာ တစ်ခုလုံးသို့ ပျံ့နှံ့ခဲ့ပြီး နာကျင်မှု မရှိသော်လည်း ယင်းအကျိတ်များသည် အာရုံကြော စနစ်များ ပုံမှန်မဟုတ်ခြင်း ကြောင့်ဖြစ်ပေါ်သော မျိုးမူမမှန် ချို့ယွင်းမှု ဗီဇကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ဆရာဝန်များက ပြောကြား ခဲ့သည်။

ဆရာဝန်များက ပထမတွင် ခရင်မ်များ လိမ်းရန် ညွှန်ကြားခဲ့သော်လည်း အကျိတ် များသည် သက်သာသွားခြင်းမရှိ ကြောင်း၊ ဝစ်နူသည် ၎င်း၏ ဇနီးဖြစ်သူ နာနစ်ခ်တရီဟာရာနီ၊ ကလေးလေးဦး တို့နှင့်အတူ နေထိုင်လျက် ရှိကြောင်း သိရသည်။

မြဝတီ နေ့စဉ်

SHARE THIS
Previous Post
Next Post