ထိုင်းရောက် တရားမဝင် မြန်မာလုပ်သား တစ်သန်းကို လက်မှတ်ထုတ်ပေးမည်ဟု မြန်မာသံရုံးဆို

Saturday, 19 January 2013

ထိုင်းနိုင်ငံမှာ တရားမ၀င်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား တစ်သန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဇန်န၀ါရီ ၁၈ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနဲ့ထိုင်းအစိုးရ နှစ်ဖက်သဘောတူညီချက်အရ ဖေဖော်ဝါရီ ၁၅ရက်နေ့ကနေ မေလ ၁၅ရက်နေ့အထိ အလုပ်သမားမှတ်ပုံတင်ထုတ်ပေးရေး ၃လသက်တမ်း တိုးမြှင့်ပေးခဲ့တာကြောင့် မြန်မာသံရုံးအနေနဲ့ အလုပ်သမားစာရင်းတွေ ကောက်ယူနေပြီလို့ ဘန်ကောက်မြို့ သံရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါဖြစ်ပါတယ်။

The Voice

SHARE THIS
Previous Post
Next Post