အမျိုးသားများ အချိုရည် နေ့စဉ် သောက်သုံးပါက ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မြင့်တက်နိုင်

အမျိုးသားများ အနေဖြင့် အချိုရည်ကို နေ့စဉ်ပုံမှန် သောက်သုံးပါက ဆီးကျိတ် ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်ကြောင်း ဆွီဒင် နိုင်ငံမှ

လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့သည်။ အမျိုးသားများ အနေဖြင့် အဆိုပါ အချိုရည်အား အလွန်အကျွံ သောက်သုံးခြင်း (သို့မဟုတ်) အခြားသော သကြားဓါတ် အများအပြား ပါဝင်သော အချိုရည် သောက်သုံးခြင်းကြောင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၄၀ ရာခိုင်နှုန်းခန့် ရှိကြောင်း Lund တက္ကသိုလ်မှ PhD ကျောင်းသား Isabel Drake က ပြောကြားခဲ့သည်။

၎င်း၏ လေ့လာတွေ့ရှိချက် အရ အသက် (၄၅) နှစ်မှ (၇၃) နှစ်ကြား အမျိုးသားပေါင်း (၈၀၀၀) ကျော်ကို သုတေသန ပြုလုပ်ခဲ့မှုကို အမေရိကန် ဆေးပညာ ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

အဆိုပါ ဆီးကျိတ်ကင်ဆာ ရောဂါဖြစ် ပွားနေမှုများကို ကာကွယ်နိုင်ရန် အတွက် အဆီအဆိမ့် မပါဝင်သော ဆန်နှင့် ခေါက်ဆွဲများ ပိုမို စားသုံးရမည် ဖြစ်ကြောင်း ၊ နေ့စဉ်ပုံမှန် စားသောက်မှုကိုလည်း အတိုင်းအတာဖြင့် ချင့်ချိန် စားသောက်မှုများ ပြုလုပ်ရန်နှင့် အချို ရည် သောက်သုံးမှုကို လျှော့ချသင့်ကြောင်း ၊ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန်လည်း လိုအပ်ကြောင်း ဖော်ပြထားသည်။

ယခင် လေ့လာ တွေ့ရှိချက်များတွင် အမေရိကန် နိုင်ငံတွင် လာရောက် အခြေချ နေထိုင်သည့် တရုတ်နှင့် ဂျပန် နိုင်ငံသားများသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားမှု အများဆုံး ဖြစ်လေ့ရှိကြောင်း ဖော်ပြထားသည်။

health
မှ Myawady News

အေးချမ်းမွန်မှ  Myawady News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post