မြန်မာ့အမြင့်ဆုံး အဆောက်အအုံ ပန္နက်တင်တော့မည်

ရန်ကုန်မြို့၌ အမြင့်ဆုံးအဆောက်အအုံ ဆောက်လုပ်ခွင့် အနေဖြင့် နိုင်ငံတော် သမ္မတက ပထမဦးဆုံး ခွင့်ပြုပေးခဲ့သော ၂၇ ထပ် အမြင့်ရှိ အထပ်မြင့်တိုက်တစ်ခုကို Aye’s Family Co.,Ltd က မကြာမီ ပန္နက်တင်တော့မည်ဟု အဆိုပါ ကုမ္ပဏီ ထံမှသိရသည်။ ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ပန္နတင်မှုပြုလုပ်မည် အဆိုပါအဆောက်အဦ၏ ခေါင်မိုးမှာ ရဟတ်ယာဉ် ဆင်းသက် နိုင်မည်ဟု သိရသည်။ အဆိုပါ အဆောက်အအုံကို ဗဟန်း မြို့နယ်၊ကမ္ဘာအေးဘုရားလမ်း၊ကုက္ကိုင်း ရှိ Aye’s Family ကုပ္မဏီ၏ကိုယ်ပိုင်မြေနေရာတွင် ဆောက်လုပ်မည်ဖြစ်သည်။ PN-051 မှ Popular Myanmar News Journal

SHARE THIS
Previous Post
Next Post