တောင်သူနှင့်ရေလုပ်သားတို့၏ သွန်းဘုရားဆန္ဒထုတ်ဖော်ပွဲ


မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
by Myit Makha Mediagroup on 18 Jan, 2013



မအူပင်ခရိုင်အတွင်းရှိ ကျေးရွာအုပ်စု(၂၆)အုပ်စုမှ အဓမ္မမြေသိမ်းယူခြင်းခံခဲ့ရသော တောင်သူများနှင့် မတရားဖမ်းဆီးခြင်း ခံနေရသည့်ရေလုပ်သားခြောက်ရာကျော်မှ ဇန်န၀ါရီလ(၁၇)ရက်နေ့က ညောင်တုန်း မြို့တွင်း၌ တရားဝင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လွန်ခဲံသည့်(၁၇)နှစ်ခန့်က ရန်ကုန်မြို့တော်စည်ပင်၊ ညောင်တုန်းစစ်မှုထမ်းဟောင်းအဖွဲံ၊ အမှတ်(၂၇) ခြေလျှင်တပ်ရင်းနှင့် ၀ါဝါ၀င်းကုမ္ပဏီစသည့် ကုမ္ပဏီများမှ လယ်မြေဧက(၂၀၀၀)ကျော် သိမ်းယူခြင်းခံခဲံရသော တောင်သူများနှင့် မိမိတို့၏လုပ်အားဖြင့် ဖော်ထုတ်ခဲံရသော ရေနှုတ်မြောင်းများအတွင်း ငါးရှာ ဖွေစားသောက်နေသည်ကို မအူပင်နှင့်ညောင်တုန်းမြို့နယ်များက ငါးလုပ်ငန်းဦးစီးဌာနနှင့် လယ်/ဆည်တို့ထံမှ လုပ်ကိုင်ခွင့်ရယူထားသော အင်းသားကြီးဆိုသူတို့၏စေခိုင်းမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးမှု ခံနေရသော ရေလုပ်သားများက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

၉၆ခုနှစ်ကညောင်တုန်းမှာ ရှိတဲ့ပေတစ်ရာမြောင်းကြီး ဖောက်တော့မယ်ဆိုတော့ ဒီဒေသက တောင်သူအားလုံးကို စိုက်ပျိုးမြေတွေမှာ ရေသွင်းရေနှုတ်ကောင်းအောင် လုပ်ပေးတာဆိုတော့ ပျော်လို့ ကိုယ့်ထမင်းကိုယ်စားပြီး  လုပ်အားပေးခဲ့တာ ဒီနားတစ်ဝိုက်မြို့နယ် လေးခုက တောင်သူတွေ အကုန်လုံးပဲ၊ ဒါပေမဲ့မြောင်းကြီးနဲံ့ရေနှုပ်မြောင်း(၂၀)လည်း ဖောက်ပြီးစိုက်ပျိုးမြေတွေ ဖွံ့ဖြိုးလာတော့ နိုင်ငံပိုင် စိုက်ခင်းဆိုပြီး သိမ်းသွာတာ တောင်သူတွေလည်း တစ်ပြားမှမရဘူးဟု ငှက်ပြောကျွန်းကျေးရွာမှ မြေဧက (၂၀)အသိမ်း ခံရသော တောင်သူကိုလှဦးက ပြောသည်။

ဒေသခံတောင်သူတို့၏ လယ်မြေဧကနှစ်ထောင်ကျော်ကို သိမ်းယူခဲ့ရာတွင် ညောင်တုန်းမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့မှ ဧက(၁၂၀၀)ကျော်ဖြင့် အများဆုံးသိမ်းယူခဲံပြီး ဒေသခံတို့၏ လုပ်အားဖြင့် ဖောက်လုပ်ခဲ့ရသော ပေ(၁၀၀)မြောင်းကြီးနှင့်   ရေနှုတ်မြောင်း(၂၀)ကိုလည်း ညောင်တုန်းနှင့် မအူပင်မြို့နယ်များမှ ငါးလုပ်ငန်းနှင့် လယ်/ဆည်ဌာန(၂)ခုမှ အင်းသဖွယ်ငွေကြေးယူကာ နီးစပ်ရာချထားပေးခဲ့ကြောင်း ဆန္ဒ ဖော်ထုတ်သူတို့က ပြောသည်။

သူတို့ဆီက ရထားတဲံအင်းသားကြီးဆိုသူတွက ဒေသခံတွေသွားနေတဲ့ မြောင်းတွေထဲမှာ ဗေဒါတွေအများကြီးချထားပြီး ငါးမွေးတယ်၊တောင်သူတွေက ကိုယ်စိုက်တဲံလယ်တွေဆီ ရောက်ဖို့ကို အဲ့မြောင်းတွေကပဲ အဓိကထားသွားနေရတော့ သွားရလာရခက်ခဲပြီး၊ စိုက်ပျိုးချိန် နောက်ကျတော့ စပါးပျက်စီးမှုတွေ ပိုများတယ်၊ အဆိုးဆုံးက ဒီဒေသမှာ နေထိုင်သူတွေသောက်ရေ ၊သုံးရေအဖြစ် အသုံးပြုတဲံ့မြောင်းတွေထဲကို ဆေးချပြီးငါးဖမ်းတော့ သောက်သုံးရေတွေ အရမ်းခက်ခဲနေတယ်ဟု ကတုတ်ကမ ကျေးရွာသားကိုမော်စီက ပြောသည်။

နောက်ပိုင်းတွင် လယ်မြေများကိုသိမ်းယူထားသော အဖွဲ့အစည်းများမှ လက်ရှိစိုက်ပျိုးမြေများကြားတွင် ငါးမွေးကန်များတူးဖော်ရန် ကြိုးစားလာခြင်း၊ ရေနုတ်မြောင်းများအတွင် ဗေဒါအများအပြားချပြီး ငါးမွေးမှုကြောင့် သွားရေးလာရေး ခက်ခဲနေသော တောင်သူများ မှဗေဒါများကို ဖယ်ကာ ခရီးသွားလာနေသည်ကို ငါးဖမ်းသည်ဆိုပြီး ဒေသတွင်း ရဲတပ်ဖွဲံအားကို အသုံးချပြီး ဖမ်းဆီး လာခြင်းနှင့် သောက်သုံးရေ များတွင် ဆေးချငါးဖမ်းမှုကြောင့် ဒေသခဲံကျေရွာနေပြည်သူများ ဆင်းရဲကျပ်တည်းမှုကြား မှ ရောဂါဘယထူပြော လာခဲ့ကြကြောင်း ဆန္ဒဖော်ထုတ်သူတို့က ဆိုသည်။
 
 “လွန်ခဲ့တဲံ(၂)နှစ်တုန်းကလည်း ရွာဟားနှစ်ယောက်ကို ငါးဖမ်းတယ်ဆိုပြီး ရေချိုအက်ဥပဒေပုဒ်မ (၄၈)ဲ့ ဖမ်းပြီး ထောင်ချပစ်တယ်၊ အခုလ (၁၀)ရက်နေ့ကလည်း ရွာသားတွေက ဗေဒါတွေချထားလို့ဖယ်ပြီး သွားဖို့လုပ်တယ်၊ ဗေဒါတေံနဲ့ပါလာပြီး မိလာသည့် ငါးတွေတော့ ဟင်းစားအဖြစ် လုပ်ရအောင်ဆိုပြီး လှေထဲထည့်ထားတာရှိတယ်၊ အဲ့ဒါ ရဲတွေအယောက်(၁၅၀)လောက် ရောက်လာတယ်၊ သူပုန်တွေလိုပဲ သေနတ်တွေနဲ့ ချိန်ပြီး ကမ်းကပ်ခိုင်းပြီးလှေ(၂၂)စင်းရော၊ ငါးတွေရောသိမ်းပြီး လူတွေကိုလည်း ပုဒ်မ(၃၇၉)ခိုးမှုနဲ့ အမှုဖွင့်ထားတယ်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

လုပ်ကိုင်နေဆဲလယ်ယာမြေများအဓမ္မသိမ်းယူခံရခြင်း ဒေသခံတို့ခရီးသွားလာရေးအပြင် သောက်ရေသုံးရေ အဖြစ် အသုံးပြုနေသော မြောင်းများကို အင်းသဖွယ် ရောင်းချခြင်း လုပ်ကိုင်ခွင့် ရသူတို့မှလည်း ဥပဒေ ချိုးဖောက်ပြီး ဆေးချ၊ဒိုက်ချ ငါးဖမ်းခြင်းတို့ပြုလုပ်ခြင်း ဒေသတွင်း ရဲတပ်ဖွဲ့မှ နည်းမျိုးစုံဖြင့်ဖမ်းဆီးနေခြင်းကို ခံစားနေရသော ကျေးရွာအုပ်စု(၂၆)ရွာမှ ဒေသ ခံေ(၆၀၀)ကျော် မှာ ဇန်န၀ါရီလ(၁၇)ရက်နေ့ နံနက်(၁၀) နာရီခန့်မှစတင်ကာ ညောင်တုန်းမြို့ရှိ သွန်းဘုရားကြီးရှေ့မှ စတင်ကာငြိမ်သက်စွာ ဆန္ဒဖော်ထုတ် စီတန်းလှည့်လည်ခဲ့ကြသည်။

ထိုမှတစ်ဆင့် နေ့လည်(၁၂း၃၀)ခနိတွင်ညောင်တုန်းမြို့နယ်ငါးလုပ်ငန်းဦးစီးရုံးရှေ့သို့ရောက်ရှိပြီး ရေချို ငါးလုပ်ငန်း ဥပဒေစဉ်းမျဉ်းစည်းကမ်းချိုးဖောက်သူအင်းသားကြီးများနှင့် ၄င်းတို့အား ကူညီသူများကို အရေးယူ ပေးရန်၊ သက်ဆိုင်ရာကရေနုတ်မြောင်းချောင်းများအား ဘုံစားရေပြင်အဖြစ် သတ်မှတ်ပြီး ပြည်သူလူထုအား လွတ်လပ်စွာရှာဖွေစားသောက်ခွင့်ပြုရန်နှင့် ဥပဒေညီညွတ်မှုမရှိပဲ ဒေသခံတို့ထံမှ ဖမ်းဆီးထားသောလှေနှင့် အခြားပစ္စည်းများကောင်းမွန်စွာပြန်လည်ပေးအပ်ရန်စသည့် တောင်းဆိုချက်ပိုစတာများကို ကိုင်ဆောင် တောင်းဆိုခဲံကြပြီး နေ့လည်(၁း၃၀)အချိန်တွင် စတင်ဆန္ဒဖော်ထုတ်ခဲ့ရာသွန်းဘုရားကြီး ရှေ့မှာ ပင် ငြိမ်သက်စွာ ပြန်လည်လူစုခွဲခဲ့ကြသည်။
 

SHARE THIS
Previous Post
Next Post