ရွှေအောင် - DVB - ၂ ၊ဇန်န၀ါရီ၊ ၂၀၁၂
ပုဂ္ဂလိကကုမ္ပဏီ ၂ ခုကို နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ချပေးလိုက်တယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။
ဘဏ်မဟုတ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကို နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး လုပ်ငန်းတွေ လုပ်ခွင့်ပေးမယ်လို့ ကြောညာခဲ့ပြီးနောက် ၁ လအကြာမှာ အခုလို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ချပေးလိုက်တာ ဖြစ်ပါတယ်။
လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသွားတဲ့ ကုမ္ပဏီတွေ လိုင်စင်ရသွားပုံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နော်အယ်လ်ဖောက ပြောပါတယ်။
“FARMER PHOYARZAR ကုမ္ပဏီလီမိတက်၊ နောက်တခုက TODAY TOP STAR။ သတင်းစာမှာ အန်တီတို့က ဒီနေ့ထည့်ကြေညာလိုက်တော့ သတင်းစာမှာထည့်ပြီးရင် ၁ ပတ် အတွင်းမှာပဲ အမှုတွဲကို စုံစုံလင်လင် သူတို့တင်နိုင်တယ်။ အန်တီတို့ အစည်းအဝေးလုပ်လိုက်တဲ့အချိန်မှာ အမှုတွဲ ၂ ခုပဲရောက်သေးတယ်။ ကျန်ကုမ္ပဏီတွေက သတင်းစာမှာတွေ့လိုက်တော့ ကြိုတင်ပြင်ဆင်တာပေါ့လေ။ ပြင်ဆင်တဲ့အခါ ဒီဇင်ဘာ အစည်းအဝေးကို မမီတော့ဘူး။ ကျန်တဲ့ကုမ္ပဏီတွေက အစည်းအဝေးကိုတင်ဖို့ လုပ်နေကြပြီ။ သူတို့ ၂ ခုတည်း ရွေးပြီး ကျန်တာကို ထားခဲ့တာမဟုတ်ဘူးလို့ ပြောချင်တာပါ။”
နိုင်ငံခြားငွေလဲကောင်တာလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းပေါင်း ၃၀ ကျော် လျှောက်ထားကြောင်း၊ ဌာနရဲ့လုပ်ငန်းစဉ်တွေအတိုင်း စစ်ဆေးပြီး ဆက်လက်ချထားပေးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
FARMER PHOYARZAR ကုမ္ပဏီလီမိတက်ကို ၂၀၁၂ ဒီဇင်ဘာ ၃၁ ရက်က လိုင်စင်ချထား ပေးလိုက်တာဖြစ်ပြီး၊ TODAY TOP STAR ကုမ္ပဏီကိုတော့ ဒီနေ့ပဲ လိုင်စင်ချပေးလိုက်တာ ဖြစ်ပါတယ်။
FAMER PHOYARZAR ကုမ္ပဏီရဲ့ ငွေလဲကောင်တာတွေကို ရန်ကုန်မြို့ ဗိုလ်မြတ်ထွန်းလမ်းနဲ့ ချက်ထရီရမ် ဟိုတယ်တွေမှာ လျှောက်ထားတဲ့အတိုင်း ဖွင့်ခွင့်ပြုလိုက်တာ ဖြစ်ပြီး၊ မန္တလေးမြို့မှာ ဖွင့်ဖို့ကိုတော့ ဌာနက သွားမစစ်ရသေးလို့ ဖွင့်ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
TODAY TOP STAR ကုမ္ပဏီကတော့ မြ၀တီမြို့မှာ နိုင်ငံခြားငွေလဲကောင်တာဖွင့်ပြီး လုပ်ငန်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေလဲကောင်တာတခုအတွက် ကနဦး မတည်ရင်းနှီးငွေ ကျပ် သန်း ၃၀ ထည့်ဝင်လုပ်ကိုင်ရမှာဖြစ်ပြီး၊ နောက်ထပ်ဖွင့်လိုတဲ့ ကောင်တာတခုစီအတွက်တော့ ကျပ် ၁၀ သန်း စီထည့်ဝင်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
အခုဖွင့်လှစ်ခွင့်ရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ စင်ကာပူဒေါ်လာတို့ကို လဲလှယ်ဝယ်ယူ ရောင်းချနိုင်ကြမှာ ဖြစ်ပါတယ်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)