သေဆုံးသွားတဲ့ ချစ်သူကို လက်ထပ်ခဲ့တဲ့ ထိုင်းက ဖြစ်ရပ်မှန်လေးပါ

သေဆုံးသွားတဲ့ ချစ်သူကို လက်ထပ်ခဲ့တဲ့ ထိုင်းက ဖြစ်ရပ်မှန်လေးပါ ...

၂၉ နှစ်ရှိပြီဖြစ်တဲ့ Sarinya Kamsook ဆိုတဲ့ကောင်မလေးနဲ့ ၂၈နှစ်အရွယ်သူ့ချစ်သူ Chadil Deffy တို့ဟာ ဒီနှစ်ထဲမှာပဲ လက်ထပ်ဖို့ရည်ရွယ်ထားခဲ့ကြပါတယ် ... 

မမျှော်လင့်ဘဲ Sarinya Kamsook က ယာဉ်တိုက်မှုတစ်ခုကြောင့် မင်္ဂလာမဆောင်ခင် တရက်အလိုမှာ ကွယ်လွန်ခဲ့ပါတယ် ... 
ဒါပေမယ့် Deffy ဟာ မင်္ဂလာပွဲကို မဖျက်သိမ်းဘဲ သူ့ချစ်သူကောင်မလေးကို စီစဉ်ထားတဲ့ နေ့မှာပဲ လက်ထပ်ခဲ့တာပါ ...

Surin မြို့က သူမရဲ့ အသုဘအခမ်းအနားမှာ ... 
Deffy က မင်္ဂလာဝတ်စုံလေးနဲ့ သေဆုံးနေတဲ့ သူမရဲ့လက်မှာ 
လက်ထပ်လက်စွပ်လေး စွပ်ပြီး အနမ်းခြွေကာ 
လက်ထပ်မင်္ဂလာပြုခဲ့ပါတယ် ...

သေဆုံးနေတဲ့ချစ်သူကို လက်ထပ်ခဲ့တဲ့ Deffy ရဲ့လုပ်ရပ်ကြောင့် လက်ထပ်မင်္ဂလာ နဲ့ အသုဘအခမ်းအနားဟာ တပြိုက်နက်ဖြစ်ခဲ့ပါတယ် ...

နောက်ပြီး ဒါဟာ ကမ္ဘာ့အရှားပါးဆုံး ဖြစ်ရပ်တွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ရပါတယ် ... 

(Admin >> ပိုးဟပ်ဖြူ)
 ...

SHARE THIS
Previous Post
Next Post