ဘရာဇီးလ်ညကလပ် မီးလောင်မှု

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ဆန်တာမာရီယာမြို့ရှိ Kiss ညကလပ် မီးလောင်မှုတွင် အနည်းဆုံး လူ ၂၄၅ ဦးသေဆုံးခဲ့သည်။ ညကလပ်အတွင်း မီးရှုးမီးပန်းများ အလှပြပစ်ဖောက်ရာမှာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညကလပ်အတွင်းရှိနေသူများမှာ ကြောက်လန့်တကြား ထွက်ပြေးကြသော်လည်း အရေးပေါ်ထွက်ပေါက်ကို ရုတ်တရက် ရှာမတွေ့ဖြစ်ခဲ့သည်။ ထို့အပြင် Kiss ညကလပ်လုံခြုံရေးများက အစားအသောက်ဖိုး ကျင်သင့်ငွေ ပေးချေပြီးကြောင်း ဘောက်ချာမပြနိုင်သူများကို ကလပ်မှထွက်ခွာခွင့်မပေးဘဲ ဟန့်တားမှုများလည်း ရှိခဲ့သည်ဟုဆိုသည်။ Photo: NBC News, DailyMail

မှ Planet Myanmar Network


SHARE THIS
Previous Post
Next Post