မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့၌ ကချင်လူမျိုးများ ဦးဆောင်၍ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော ဆန္ဒပြတောင်းဆို

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာ
သံရုံးရှေ့၌ မလေးရှားရောက် ကချင်
လူမျိုးများဦးဆောင်၍ တိုင်းရင်းသား
လူမျိုးပေါင်းစုံပါဝင်သော ဆန္ဒပြတောင်း


ဆိုမှု တစ်ခုကို ယနေ့ နံနက်ပိုင်းက အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

 ဆန္ဒပြရခြင်း အဓိကရည်ရွယ်ချက်မှာ – ကေအိုင်အို/ကေအိုင်အေ အပေါ် မတရား ထိုးစစ်ဆင်နေမှုအား ချက်ချင်းရပ်တန့်ပေးရေး အပါအဝင် အချက် (၁၁) ချက်ပါ တောင်းဆိုချက်အား ပြုလုပ်ခဲ့ပြီး ဆန္ဒပြမှုအား နံနက် (၉) နာရီမှ (၉း၃၀) ထိ ကျင်းပခဲ့ပြီး၊ မလေးရှားအခြေစိုက် မြန်မာတိုင်းရင်းသား အဖွဲ့ပေါင်းစုံ တက်ရောက်ပြီး ပြည်သူလူထု အင်အား စုစုပေါင်း ၁၅၀ ခန့် ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။


  • ပြည်တွင်းစစ် ချက်ချင်းရပ်
  • ထိုးစစ်ဆင်မှု ချက်ချင်းရပ်
  • မြန်မာ့လေတပ်မတော် ပြည်သူကို သတ်ရန်မဟုတ်
  • အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှု ချက်ချင်းရပ်
  • ပြည်တွင်းစစ်တွင်း လူမျိုးတုန်း စစ်ဆင်ရေး ချက်ချင်းရပ်
  • ဓာတုဗေဒလက်နက် သုံးစွဲမှု ချက်ချင်းရပ်
  • ပြည်သူ့ဘဏ္ဍာ မတရားစစ်တွင်း ဖြုန်းတီးရန်မဟုတ်
  • တိုင်းရင်းသူများအား မုဒိန်းကျင့်မှု ချက်ချင်းရပ်
  • တိုင်းရင်းသား အခွင့်အရေးများကို လေးစားပါ
  • ပင်လုံစာချူပ် ချက်ချင်းအကောင်အထည်ဖော်ပါ
  • စစ်ဘေးဒုက္ခသည်များအား ချက်ချင်းကူညီပါ
 Arakan Review






SHARE THIS
Previous Post
Next Post