အဓိကရုဏ်းအတွင်း ကုလားရန်ကိုကြောက်၍ ထွက်ပြေးလာကြသော စက်ရုံမော်ကျေးရွာသားများ နေရပ်မပြန်နိုင်သေး

များမကြာမီမှ ဖြစ်ပွားခဲ့သည့် တစ်ကျော့ပြန်ကုလား-ရခိုင်အဓိကရုဏ်းအတွင်း ကုလားရန်ကိုကြောက်၍ ထွက်ပြေးတိမ်း ရှောင်လာကြသော မင်းပြားမြို့နယ်၊ စက်ရုံမော်ကျေးရွာသားများမှာ အဓိကရုဏ်းဖြစ်ပြီး သုံးလခန့်ကြာလာသော်လည်း ယခုချိန်ထိ မိမိနေရပ်သို့မပြန်ရဲဘဲရှိနေကြကြောင်း သတင်းရရှိသည်။
MB 1
စက်ရုံမော်ကျေးရွာမှ ဒေသခံရခိုင်တိုင်းရင်းသားများ ကုလားရန်ကိုကြေက်၍ သည်ကံကျေးရွာတွင် ဒုက္ခသည်အဖြစ်နဲ့ ခိုလုံနေရစဉ်
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က စမ်းဘလီကျေးရွာမှ ကုလားများဆူပူသောင်းကျန်းမှုကြောင့် ကုလားကျေးရွာများနှင့် ကပ်လျှက်ရှိသည့် ရခိုင်များနေထိုင်သော စက်ရုံမော်ကျေးရွာသားများသည် ကုလားရန်ကိုကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးလာကာ သည်ကံကျေးရွာတွင် ခိုလုံခဲ့ကြောင်းသိရသည်။
ကုလားရန်ကိုကြောက်၍ထွက်ပြေးလာသော စက်ရုံမော်ကျေးရွာမှ ရာအိမ်မှူး ဦးချက်ကြီးက " အောက်တိုဘာလ ၂၂ ရက်နေ့ကပေါ့ အဲဒီစမ်းဘလီကျေးရွာမှ ကုလားတွေက ဆူပူသောင်းကျန်းကြတယ်။ ပြီးတော့ အိမ်တွေကို မီးတိုက်တယ်။ အဲဒါနဲ့ ကျနော်တို့ရွာက ရွားသားတွေအားလုံးဟာ ကုလားတွေတိုက်ခိုက်လာမှာကြောက်လို့ ထွက်ပြေးလာကြတယ်။ အခု သည်ကံကျေးရွာမှာ ဒုက္ခသည်အဖြစ်နဲ့နေပါတယ်။ ကျနော်တို့က မိမိနေရပ်ကို ပြန်ချင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရွာသားတွေက မပြန်ဝံ့ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရွာက အဲဒီကုလား ကျေးရွာနဲ့ ကန်တစ်ကန်ပဲခြား ပါတယ်။ သူတို့အချိန်တိုင်းထပြီးတော့ တိုက်ခိုက်နိုင်ပါတယ်။ သူတို့မှာ လူစိတ်ဆိုတာမရှိဘူး အမြဲတမ်း အကြမ်းဖက်တိုက် ခိုက်ဖို့၊ နှိပ်စက်ဖို့၊ အခွင့်သာရင် သာသလို ဒုက္ခပေးဖို့ဘဲ စဉ်းစားနေကြတယ်။ သူတို့နဲ့အတူတူနေလို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ " ဟု ယခုကဲ့သို့ အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။
စက်ရုံမော်ကျေးရွာသားများ နေရပ်သို့ပြန်ရန်ကြိုးစားခဲ့ကြသော်လည်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကွမ်းသီးတောကျေးရွာ သို့သွားသော စက်ရုံမော်ကျေးရွားသားတစ်ဦးဖြစ်သည့် ဦးမောင်သိန်းနုအား ကုလားအုပ်စုတစ်စုမှ ဝိုင်းဝန်းတိုက်ခိုက်မှု ပေါ်ပေါက်လာသည့်အတွက် နေရပ်သို့ပြန်ရန်ကြိုးပမ်းမှုအား လက်လျှော့ခဲ့ကြကြောင်း သိရှိရသည်။
ထို့အပြင် ဦးချက်ကြီးက " ကျနော်တို့ ထွက်ပြေးလာတာ သုံးလနီးပါးရှိတော့မယ်။ ကျနော်တို့ဒီမှာနေရတာ နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေး အစစအရာရာ အခက်အခဲရှိတယ်။ အစိုးရကလည်း ကျနော်တို့ကို လုံလုံလောက်လောက် မထောက်ပံ့ဘူး။ အခုကျနော်တို့ သည်ကံကျေးရွာသားတွေရဲ့ အကူအညီနဲ့ ရပ်တည်နေကြရတယ်။ နောက်တစ်ခုရှိတာက ကျနော်တို့မှာ ကလေးတွေရှိတယ်။ အဲဒီကလေးတွေအတွက် ကျန်းမာရေး၊ ပညာရေးနှင့် သူတို့ရဲ့ အနာဂတ်လေးတွေ ရှိသေးတယ်လေ။ အစိုးရကနေပြီးတော့ အဲဒီကလေးတွေရဲ့ အနာဂတ်တွေကို ဘာတစ်ခုမှ လုပ်ပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ မိမိနေရပ် အေးအေးချမ်းချမ်းနဲ့ နေရအောင် လုပ်ပေးစေချင်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ဆက်လက်ပြောကြားခဲ့သည်။
MB 3
စက်ရုံမော်ကျေးရွာသားများနေရသော ဒုက္ခသည်စခန်း
စက်ရုံမော်ကျေးရွာမှ အမျိုးသား (၇၃)ဦးနှင့် အမျိုးသမီး(၇၆)ဦး ပါဝင်သော အိမ်ထောင်စု (၃၃)စုသည် သည်ကံကျေးရွာတွင် ယခုအချိန်ထိ ဒုက္ခသည်အဖြစ်ခိုလုံလျှက်ရှိနေကြောင်း သိရသည်။
From : Arakan Times

SHARE THIS
Previous Post
Next Post