အီဂျစ်နိုင်ငံ အထပ်ရှစ်ထပ်ရှိ လူနေအဆာက်အအုံတစ်လုံး ယနေ့ ပြိုကျ

အီဂျစ်နိုင်ငံ မြေထဲပင်လယ် ဆိပ်ကမ်းမြို့ အလက်ဇန်ဒရီယာတွင် အထပ်ရှစ်ထပ်ရှိ လူနေအဆာက်အအုံတစ်လုံး ယနေ့ ပြိုကျခဲ့ရာ သေဆုံးသူ အရေအတွက် ၁၇ ဦးအထိ ရှိလာကြောင်း AP သတင်းတွင် ဖော်ပြသည်။

အဆောက်အအုံပြိုကျမှုတွင် အခြား လူ ၈ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ပြိုကျသွားသည့် အဆောက်အအုံမှာ လွန်ခဲ့သည့် ၅ နှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ခန်းပေါင်း ၂၄ ခန်း ပါဝင်ကြောင်း အလက်ဇန်ဒရီယာ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားသည်။
Plannet Myanmar Network

Breaking News:

SHARE THIS
Previous Post
Next Post