ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု နောက်ဆက်တွဲ သတင်း


ရန်ကုန်ကနေ ရခိုင်ပြည်နယ် သံတွဲကို ပြေးဆွဲတဲ့ အောင်သစ္စာယာဉ်လိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ဒီနေ့ မနက်အစောပိုင်းက တောင်ကုတ်မြို့အနီးမှာ မတော်တဆ တိမ်းမှောက်ခဲ့တဲ့အတွက် ကားပေါ်ပါတဲ့ ခရီးသည်အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ရန်ကုန်ကနေ မနေ့ညပိုင်းက ထွက်ခွာလာတဲ့ ဘတ်စ်ကားဟာ တောင်ကုတ်မြို့အနီး နေပူတောင်အဆင်းမှာ ဒီနေ့မနက် ၁ နာရီခွဲလောက်က ချောက်ကမ်းပါးထဲ ထိုးကျပြီး တိမ်းမှောက်ခဲ့တာပါ။ သေဆုံးတဲ့လူ အရေအတွက်ကို အတိအကျမသိရသေးပေမယ့် ၁၄ ဦးခန့် ရှိမယ်လို့ တောင်ကုတ်ဆေးရုံက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့ ခရီးသည် ၃၃ ဦး တောင်ကုတ်ဆေးရုံမှာ ဆေးကုသခံနေယူကြပြီး တချို့က ဒဏ်ရာပြင်းတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ၇ ဦးကို သံတွဲဆေးရုံ ပို့ဆောင်ထားရပြီး ၄ ဦးကို ထပ်မံပို့ရမယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆေးရုံ တာဝန်ကျတဦးက --
" ဆေးရုံကို ၃၃ ယောက် ရောက်ပါတယ်။ စိုးရိမ်ရတဲ့သူလည်း ရှိသလို မစိုးရိမ်ရတဲ့သူတွေလည်း ရှိတယ်။ သံတွဲဆေးရုံကို ၇ ယောက် ပို့ပြီးပါပြီ။ ၄ ယောက်လောက် ထပ်ပို့ဖို့လည်း ရှိသေးတယ်။ သေတဲ့သူက အလောင်းတော့ မရောက်သေးဘူး၊ ၁၄ ယောက်လို့ ပြောသံကြားတယ်။ အတည်တော့ မပြုနိုင်သေးဘူး။“”

ကားပေါ်မှာ ခရီးသည် ၄၀ ၀န်းကျင် စီးနင်းလိုက်ပါလာပြီး သေဆုံးသူအများစုဟာ သံတြွို့ကဖြစကြောင်း၊ တောင်ကုတြို့ခံတဦးလည်း သေဆုံးသွားတယ်လို ကားမှောက်တဲ့ နေရာကို သွားရောက ကူညီပေးနေတဲ့ တောင်ကုတ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူမှုရေးကွန်ယက်ဖေ့ဘွတ်စာမျက်နှာမှာတော့ ကားမှောက်မှုမှာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးသွားတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

dvb news

SHARE THIS
Previous Post
Next Post