မြစ်ကြီးနား- မန္တလေး အထူး အိပ်စင် ရထား တစ်စင်းအား ကေအိုင်အေ အဖွဲ့က မိုင်းခွဲ၊ ရထား စက်ခေါင်း တုံးလုံး လဲပြီး တွဲအချို့ တိမ်းစောင်း သွားခဲ့

မြစ်ကြီးနား မြို့မှ ထွက်ခွာလာသည့် အမှတ်(၃၄) အစုန် မြစ်ကြီးနား- မန္တလေး အထူးအိပ်စင် ရထားသည် ယနေ့ နံနက် ၃ နာရီ ၁၅မိနစ် ခန့်တွင် အင်းတော် မြို့နယ် နန့်စီးအောင် ဘူတာမှ မော်လူး ဘူတာသို့ ထွက်ခွာလာစဉ် အင်းတော်မြို့နယ် မိုင်တိုင် အမှတ် (၆၁ဝ/ ၂၁- ၂၂) အကြား၌ ကေအိုင်အေ အဖွဲ့က ထောင်ထားသော မိုင်းပေါက်ကွဲ မှုကြောင့် စက်ခေါင်း အမှတ် (DF 2058) သည် သံလမ်း အရှေ့ဘက်သို့ တုံးလုံး လဲကျ သွားခဲ့ကြောင်း၊ စက်ခေါင်းနှင့် ကပ်လျက် တွဲနှစ်တွဲ အနက်မှ တွဲတစ်တွဲသည် သံလမ်းပေါ် ကန့်လန့်ဖြစ် သွားပြီး အခြား တွဲတစ်တွဲ မှာလည်း ၄၅ ဒီဂရီခန့် စောင်း၍ လမ်းချော် သွားခဲ့ကြောင်း၊ သံလမ်း ငါးဆက်ပြတ် ထွက်ပြီး သစ်သား ဇလီဖားတုံး ၇၅တုံး ပျက်စီး ခဲ့ကြောင်း၊ ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

ယခုအခါ စက်ခေါင်း ပျက်စီးမှုအား မြန်မာ့ မီးရထားမှ အင်ဂျင်နီယာ များက စစ်ဆေး လျက်ရှိ ကြောင်း၊ အဆိုပါ မိုင်းခွဲ ခံရသော ရထားမှ ကျန်ရှိသော တွဲရှစ်တွဲနှင့် တွဲပေါ်ပါ ခရီးသည် ၄၄ ဦးအား အခြား စက်ခေါင်းဖြင့် နန့်စီးအောင် ဘူတာသို့ နံနက် ၁၁နာရီ ခွဲခန့်တွင် ပို့ဆောင် ပေးခဲ့ကြောင်း၊ ပျက်စီး သွားသော ရထားလမ်း ပိုင်းအား အမြန်ဆုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး တာဝန် ရှိသူများက ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ့ မီးရထားမှ သတင်း ရရှိ သည်။

http://www.myawady.com.mm/allnews/headline/item/4278-2013-01-14-08-28-54

SHARE THIS
Previous Post
Next Post