ဆိုင်ကယ် စီးနင်းသူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်း

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ရေတာရှည် မြို့နယ် ရန်ကုန်- မန္တလေး ပြည်ထောင်စု ကားလမ်းမကြီး တစ်လျှောက် နေ့စဉ် သွားလာ နေကြသည့် ဆိုင်ကယ် စီးနင်းသူ များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှု များကြောင့် ယာဉ် မတော်တဆ မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလျက် ရှိသည်ကို တွေ့ရ သည်။

ဖြစ်ပွားရာတွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ များနှင့် ဒေသတွင်း ဆိုင်ကယ် စီးနင်းသူ များမှာ ယာဉ် အသွားအလာ ရှုပ်ထွေးသည့် အဆိုပါ ကားလမ်းမကြီး တစ်လျှောက် ပေါ့ဆစွာ မောင်းနှင်ခြင်း၊ ယာဉ်နှင့်ကုန် မနိုင်ဝန် များဖြင့် သွားလာကြသည့် အခါ ရုတ်တရက် အန္တရာယ် ကြုံတွေ့ လာရခြင်း ဖြစ်သည်။ တောင်ငူ ခရိုင် အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အရေးယူ ဆောင်ရွက်ခြင်းကို တောင်ငူမြို့ တွင်သာ နေ့စဉ် ဆောင်ရွက်လျက် ရှိသော်လည်း အခြားသော မြို့ အသီးသီးတွင် ဖြစ်သလို၊ ကြုံသလိုပင် စီးနင်း နေကြဆဲ ဖြစ်ကြောင်း သိရသည်။

http://www.myawady.com.mm/allnews/localnews/item/3956-2013-01-09-13-11-49

SHARE THIS
Previous Post
Next Post