အတူယှဉ်တွဲမနေထိုင်လိုသည့် ရခိုင်လူမျိုးတို့၏ တောင်းဆိုချက်များအား အုပ်ချုပ်ရေးအာဏာပိုင်များမှ အလေးထားသင့်ဟု ဒေါက်တာအေးမောင်ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၅။

ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြိမ် လူမျိုးစု ပဋိပက္ခများ ဖြစ်ပွား ခဲ့ပြီးနောက် ရခိုင်လူမျိုးများအနေဖြင့် အတူယှဉ်တွဲ မနေထိုင်လိုသည့်
တောင်းဆိုချက်များအား အုပ်ချုပ်ရေးအာဏာပိုင်များမှ အလေးထား
ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က မြန်မာ့ခေတ်သို့ ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂၊ ဇွန်လတွင် ပထမအကြိမ် လူမျိုးစု ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလအတွင်းတွင်လည်း ဒေသမငြိမ်သက်မှု
ကြောင့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ယနေ့လက်ရှိ အခြေအနေသည် လူတစ်ဦးတစ်ယောက်နှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ လူမျိုးစုများ
ထိရိုက် ခတ်သွားခဲ့ကြောင်းနှင့် လူမျိုးရေး၊ဘာသာရေး အသွင်သဏ္ဍန်ထိ ကူးပြောင်းခဲ့ကြောင်း ဆက်လက် ပြောကြားသည်။

“နောင်တစ်ချိန် ထပ်မဖြစ်စေဖို့က အတူယှဉ်တွဲနေထိုင်လို့ ဘယ်လိုမှ မရတော့ဘူးလို့ တောင်းဆိုနေတဲ့ ရခိုင်လူမျိုးတွေရဲ့ ဆန္ဒကို အလေး ထားသင့်တယ်။ ကြောက်စရာ ကောင်းတဲ့ အယူဝါဒရှိတဲ့ လူမျိုးတွေက အရမ်းအန္တရယ်ရှိတယ်။ ရခိုင်လူမျိုးတွေအနေနဲ့လည်း ယနေ့လက်ရှိ ကျင့်သုံးမယ်ဆိုတဲ့ နိုင်ငံသားဥပဒေအတိုင်း ကျင့်သုံးဖို့၊ ဥပဒေကို အလေးထားဖို့ တောင်းဆိုနေကြတယ်။ အရင်ကလို နိုင်ငံတစ်ခု လုံးရဲ့ ရေရှည် အနာဂတ်ကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက်ပဲ ကြည့်
ခဲ့တဲ့ လူတွေ ထပ်ပေါ်လာရင် ဒီကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး။
နောက်ပြီး အတူယှဉ်တွဲမနေနိုင်ဘူးလို့ ပြောတဲ့သူက လူ့အခွင့်အရေး
ပေတံနဲ့ အပုတ်ခံရတယ်ဗျ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

ဆက်လက်ပြီး “ဘင်္ဂါလီတွေ ဒေသခံတွေကို စော်ကားခဲ့တာတွေ၊ စီးပွား
ရေးတောင့်တင်း နေတာတွေဟာ အစိုးရအဆက်ဆက်က မြောက့်ပင့်ခဲ့
တာကြောင့် လို့ယူဆတယ်။ ခေတ်အဆက်ဆက် လက်ပေးလာက်ယူ နည်းတွေ မျိုးစုံနဲ့ နိုင်ငံတွင်းက ပင်လယ်ကမ်းစပ်မြို့တွေ၊ မြဝတီလို
နယ် စပ်မြို့တွေမှာလုပ်ငန်းရှင်ကြီးတွေအဖြစ် အကုန်ရောက်နေတယ်။ နယ်စပ်ကို ဘယ်လောက် ပိတ်ပိတ် ဝင်နေဦးမှာဘဲ။ကျွန်တော်တို့ဆီမှာ
ပင်လယ် လမ်းကြောင်း၊ ကုန်းတွင်းလမ်းကြောင်းကလည်း လုံခြုံမှု မရှိဘူး။ လူတွေကလည်း ကြောက်လန့်နေရတယ်။ဒေသတွင်းမှာ ရှိတဲ့ စစ်တပ်က လည်း ချွတ်ချုံကြနေတယ်။ ဒီတော့ နောက်ကျောကို လုံအောင် ကာရမယ်။ ပြီးမှ ဒီမှာရှိတဲ့ လူတွေကို ဥပဒေအရ ခွဲခြားပေးပြီး ရှိတဲ့ပြည် နယ်နဲ့ တိုင်း
တွေမှာ ဘယ်လို ခွဲထားရမလဲဆိုတာကို အစိုးရက စဉ်းစားသင့်နေပြီ” ဟု
ပြောကြားသည်။

လူမျိုးစု ပဋိပက္ခသို့ အသွင်ဆောင်နေခြင်းကြောင့် “အစ္စရေးနဲ့ ဂါဇာလို ကျွန်တော်တို့ဆီမှာလည်း အုတ်တံတိုင်းကာမှ ဖြစ်တော့မယ်” ဟု
ဒေါက်တာ အေးမောင်က ဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင်း ပဋိပက္ခနှင့် ပက်သက်၍ ညွှန်းဆို သွားခဲ့သည်။

“ဒီမှာကတော့ အတူယှဉ်တွဲ နေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီနေ့ထိ ကျွန်တော်တို့ဆီက လယ်တွေ၊ သခွါးခင်းတွေကို မကြာခဏ လာ ဖျတ်ဆီး တယ်။ အခုဆို အလုပ်မယ့်သူတွေတောင် မရှိတော့ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက သူတို့ဘာသာ လုပ်နေတယ် ဆိုပေမယ့် ထောင့်စေ့
အောင် လုပ်လား၊မလုပ်လား ဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူးလေ” ဟု
မြောက်ဦးမြို့တွင် နေထိုင်သော ဒေသခံ ကိုအောင်စိုးမြင့်က ၎င်းတို့၏ အခြေအနေအား ပြောကြားသည်။

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် သမ္မတထံသို့ တင်ပြ ခဲ့ပြီးနောက် “ကော်မရှင်ဆိုတာက စုံစမ်းတာပဲရှိမယ်။ သွားကြည့် ကြတယ်။
မေးသင့်တာမေးတယ်။ အစီအရင်ခံစာလည်း တင်ပြီးပြီ။ အစီရင်ခံစာကို အကောင်အထည်ဖော်ရမှာက အုပ်ချုပ်ရေးအာဏာပိုင်ဗျ။ အဲဒီနေရာမှာ လည်း အုပ်ချုပ်ရေးက နှစ်မျိုးရှိတယ်။ ဒေသနဲ့ ဗဟိုပေါ့ဗျာ။ ဒေသအုပ်ချုပ်ရေး
အာဏာပိုင်ရဲ့ ပြုမှုဆောင်ရွက်ပုံဟာ အရမ်းကို အရေးကြီးတယ်။ ကျွန်တော် ကတော့ သိပ်အားမရဘူး။ ဒေသအာဏာပိုင်တွေရဲ့ ဖွဲ့စည်းပုံကလည်း မခိုင်မခန့် ဖြစ်နေတယ်။ ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံးမှာ ဒုတိယအကြိမ်
ဖြစ်ပြီးတော့ ပဋိပက္ခအလွန် ချဉ်းကပ်ပုံက ပဋိပက္ခအသွင်ဆောင်တဲ့ ပုံစံမျိုး
တွေ ဖြစ်လာရင် အရမ်း အန္တရယ် ရှိတယ်” ဟု ဒေါက်တာ အေးမောင်က
ပြောကြားသည်။

စူးရှ

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post