Thursday, January 03, 2013 Sithu Linn
ရန်ကုန်မြို့ပြင်က ဧရာဝဏ်၊ ရတနာ စတဲ့ အိမ်ရာစီမံကိန်းတွေမှာ
တိုက်ခန်းပေါင်း တသောင်းကို သုံးနှစ်အတွင်း အပြီး တည်ဆောက်ဖို့
ရည်ရွယ်ထားတယ်လို့ မြေခွန်မြေတိုင်း ညွှန်မှူး ဦးအောင်ကျော်ဦးက မနေ့က
ပြုလုပ်တဲ့ မြေယာကိစ္စရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး (ဓာတ်ပုံ - ဂျူးဂျူးလှိုင်/ဧရာဝတီ)
စီမံကိန်းတွေဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ တည်ရှိတာပါ။
ကျူးကျော်နေထိုင်သူများကို ဒီတိုက်ခန်းတွေ ပြန်ရောင်းပေးဖို့
စဉ်းစားထားတယ် လို့ ဦးအောင်ကျော်ဦးက ဒေသခံပြည်သူများ၊ စာနယ်ဇင်းသမားများ
တက်ရောက်တဲ့ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီစီမံကိန်း ၂ ခုကနေ ၀င်ငွေနည်းပြည်သူလူထု ရှစ်သောင်းကျော် နေထိုင်ဖို့ တိုက်ခန်းတွေ ပေါ်ပေါက်လာမယ်လို့ သိရပါတယ်။
ပဲခူးမြစ်ဘေးက ဒဂုံဆိပ်ကမ်းမြို့နယ် (ဓာတ်ပုံ - google map)
အိမ်ရာစီမံကိန်းဒေသတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့၊
နိုင်ငံရေးသမားတချို့ ပါဝင်ပတ်သက်နေတဲ့ တရားမ၀င် မြေရောင်းစားမှုများ၊
ဝေစုမတည့်မှုများ စသဖြင့် ပေါ်ပေါက်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
အဲဒီလို ကိုယ်ကျိုးရှာအမြတ်ထုတ်နေတဲ့ ပုဂ္ဂိလ်များကြောင့် သူတို့
ဒုက္ခရောက်နေရပါတယ် လို့ နှစ်ကြာမြင့်စွာ ကျူးကျော် နေထိုင်လာကြတဲ့
ဒေသခံများကပြောပါတယ်။
မှး ဧရာဝတီသတင်း
Thursday, January 03, 2013 Sithu Linn
ရန်ကုန်မြို့ပြင်က ဧရာဝဏ်၊ ရတနာ စတဲ့ အိမ်ရာစီမံကိန်းတွေမှာ တိုက်ခန်းပေါင်း တသောင်းကို သုံးနှစ်အတွင်း အပြီး တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်လို့ မြေခွန်မြေတိုင်း ညွှန်မှူး ဦးအောင်ကျော်ဦးက မနေ့က ပြုလုပ်တဲ့ မြေယာကိစ္စရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး (ဓာတ်ပုံ - ဂျူးဂျူးလှိုင်/ဧရာဝတီ)
စီမံကိန်းတွေဟာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ တည်ရှိတာပါ။
ကျူးကျော်နေထိုင်သူများကို ဒီတိုက်ခန်းတွေ ပြန်ရောင်းပေးဖို့ စဉ်းစားထားတယ် လို့ ဦးအောင်ကျော်ဦးက ဒေသခံပြည်သူများ၊ စာနယ်ဇင်းသမားများ တက်ရောက်တဲ့ ရှင်းလင်းပွဲမှာ ပြောပါတယ်။

SHARE THIS