စစ်တွေမြို့၌ ပညာရေး စုံညီပွဲတော်နှင့် ထူးချွန် ကျောင်းသား ကျောင်းသူ များအား ဆုချီးမြှင့်

စစ်တွေမြို့၌ ပညာရေး စုံညီပွဲတော်နှင့် ထူးချွန် ကျောင်းသား ကျောင်းသူ များအား ဆုချီးမြှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ် (၂) အခြေခံ ပညာ အထက်တန်း ကျောင်း၏ ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ထူးချွန် ကျောင်းသား၊ ကျောင်းသူ များအား ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျောင်းရှိ ဓမ္မဇေယျ ခန်းမ၌ ကျင်းပရာ ကျောင်းအုပ် ဆရာကြီး ဦးကျော်လှနှင့် ဆရာ၊ ဆရာမများ၊ ကျောင်း အကျိုးတော် ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြ သည်။ ရှေးဦးစွာ ကျောင်းအုပ် ဆရာကြီး ဦးကျော်လှက အဖွင့် အမှာစကား ပြောကြားပြီး ကျောင်း အကျိုးတော် ဆောင် အဖွဲ့ဝင် ဦးမောင်သိန်းခိုင်က ကျောင်း၏ ဖွံ့ဖြိုး တိုးတက်မှု အခြေအနေ များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ကျောင်း အုပ် ဆရာကြီး ဦးကျော်လှနှင့် တာဝန် ရှိသူများက ကျောင်းတွင်း ပညာရည်ချွန် ဆု၊ ဘက်စုံ ထူးချွန်ဆု၊ ဘာသာရပ် အလိုက် ထူးချွန်ဆု၊ အားကစား ထူးချွန်ဆု၊ နေ့ထူး နေ့မြတ်များ အထိမ်း အမှတ် စာစီစာကုံး ပြိုင်ပွဲဝင် ထူးချွန် ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်နှစ် အတွင်း ခွင့်ရက် မပျက် တာဝန် ထမ်းဆောင် ခဲ့ကြသည့် ဆရာ၊ ဆရာမ များနှင့် လုပ်သက်ပြည့်၍ အငြိမ်းစား ယူသွားပြီ ဖြစ်သော်လည်း စေတနာ အလျောက် အထက်တန်း အဆင့် အင်္ဂလိပ်စာ ဘာသာရပ်အား သင်ကြား ပြသ ပေးလျက် ရှိသည့် ဆရာမကြီး တို့အား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြကြောင်း သိရသည်။ မြ၀တီ

SHARE THIS
Previous Post
Next Post