ဦူးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ၏ တရားပွဲ ပြန်လည်ကျင်းပခွင့်ရ




Tuesday, 15 January 2013


မြန်မာနိုင်ငံတွင် တရားပွဲ ဟောပြောခွင့် ပိတ်ပင်ခြင်းခံထားရသည့် ဘဒ္ဒန္တဦူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)၏ တရားပွဲများ ပြန်လည်ကျင်းပခွင့်ရရှိပြီဖြစ်ကြောင်းသိရသည်။


ပထမဆုံးတရားပြန်လည် ဟောပြောခွင့်ရရှိသည့် တရားပွဲအဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ၀ိနယ

ဓမ္မစာဖြေ စာပြန်ပွဲတော်ကြီး ဓမ္မသဘင်ကို ဇန်န၀ါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်ထိ ၁၂ ည တိုင်တိုင် ဆင်ယင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။


အဆိုပါ တရားပွဲကို

(၂၉.၁.၂၀၁၃) မှ (၃၁.၁.၂၀၁၃) ထိ (၃)ညတိုင်တိုင် ပုသိမ်မြို့

နိဂြောဓာလမ်း၊ မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်

ဓမ္မသဘင်တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး (၂၉.၁.၂၀၁၃)တွင် ကံလှကျောင်းတိုက်၌ ဟင်္သာတခရိုင်မှ မဇ္ဇိမ ကြယ်စင်အဖွဲ

့နှင့် လူမှုရေးအဖွဲ့ များ၊ မအူပင်ခရိုင် နာရေးကူညီမှုအသင်းနှင့်

လူမှုရေးအဖွဲ့ များ၊ ပုသိမ်ခရိုင် မြင့်မြတ်အလင်းအဖွဲ့ နှင့် လူမှုရေးအဖွဲ

့များ၊ ဖျာပုံ ခရိုင်တရားအလှူတော်အဖွဲ့ နှင့် လူမှုရေးအဖွဲ့ များက

သြ၀ါဒခံယူကာ တိုင်းအတွင်း တရားပွဲပင့်ဆောင် လျှောက်ထားပွဲများ

ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


Popular Myanmar News Journal


SHARE THIS
Previous Post
Next Post