ညှိနှိုင်းမှု မပြီးသေးသရွေ့ အပတ်စဉ် ထုတ်ဝေနေတဲ့ မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေခွင့်ကို ရပ်ဆိုင်း

ကေခိုင်ကျော် DVB ၃၀ ဇန်န၀ါရီ ၂၀၁၃

မြန်မာတိုင်းမ်ရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက မြန်မာတိုင်းမ်အပါအ၀င် ထုတ်ဝေနေတဲ့ Now ၊ Crime စတဲ့စာစောင်တွေကို ညှိနှိုင်းမှု မပြီးမချင်း ထုတ်ဝေခွင့် မပြုဖို့သက်ဆိုင်ရာ စာပေစိစစ်ရေးရုံး အပါအ၀င်မြန်မာတိုင်းမ်ရုံးကို ဒီနေ့
တရားဝင်စာပို့ခဲပါတယ်။

ဒေါက်တာဒေါ်ခင်မိုးမိုးက ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ရော့စ်ဒန်ကလေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲလိုက်ပြီလို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ မီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။

မြန်မာတိုင်းမ်ဂျာနယ်တိုက်ကို ဇန်နဝါရီ ၂၈ရက်နေ့ညနေမှာ သွားရောက်တဲ့အခါ အယ်ဒီတာချုပ်လည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေက မောင်းထုတ်ခဲ့ကြောင်း၊ ဒါ့အပြင် သူ့ကို တွန်းဖယ်ပြီး လက်ရောက် စော်ကားခဲ့တာကြောင့် ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြည်မြန်မာဂျာနယ်တိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာတိုင်းမ်ရှယ်ယာရှင်များ အပြန်အလှန်အမှုဖွင့် ထားတာဟာ ရှယ်ယာပြသနာကြောင့်မဟုတ်ပဲလူမှုရေးအရတရားစွဲဆိုထားတာဖြစ်တယ်လို့ လဲဆိုပါတယ်။

အေးချမ်းမွန်မှ  DVB TV News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
၃၀ ဇန်န၀ါရီ ၂၀၁၃

မြန်မာတိုင်းမ်ရဲ့ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက မြန်မာတိုင်းမ်အပါအ၀င် ထုတ်ဝေနေတဲ့ Now ၊ Crime စတဲ့စာစောင်တွေကို ညှိနှိုင်းမှု မပြီးမချင်း ထုတ်ဝေခွင့် မပြုဖို့သက်ဆိုင်ရာ စာပေစိစစ်ရေးရုံး အပါအ၀င်မြန်မာတိုင်းမ်ရုံးကို ဒီနေ့
တရားဝင်စာပို့ခဲပါတယ်။

ဒေါက်တာဒေါ်ခင်မိုးမိုးက ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ရော့စ်ဒန်ကလေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲလိုက်ပြီလို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ မီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။

မြန်မာတိုင်းမ်ဂျာနယ်တိုက်ကို ဇန်နဝါရီ ၂၈ရက်နေ့ညနေမှာ သွားရောက်တဲ့အခါ အယ်ဒီတာချုပ်လည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေက မောင်းထုတ်ခဲ့ကြောင်း၊ ဒါ့အပြင် သူ့ကို တွန်းဖယ်ပြီး လက်ရောက် စော်ကားခဲ့တာကြောင့် ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြည်မြန်မာဂျာနယ်တိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာတိုင်းမ်ရှယ်ယာရှင်များ အပြန်အလှန်အမှုဖွင့် ထားတာဟာ ရှယ်ယာပြသနာကြောင့်မဟုတ်ပဲလူမှုရေးအရတရားစွဲဆိုထားတာဖြစ်တယ်လို့ လဲဆိုပါတယ်။
ကေခိုင်ကျော် DVB

SHARE THIS
Previous Post
Next Post