မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တိုင်ကြားမည်


မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍
ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တိုင်ကြားမည်


ပါကစ္စတန် နိုင်ငံတွင် အမေရိကန် တို့၏ မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တိုင်ကြားမည် ဖြစ်ကြောင်း ပါကစ္စတန်
နိုင်ငံက ပြောကြား ခဲ့ပါသည်။

မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန် လူ့အခွင့်အရေး ကော်မရှင်နှင့် ဆက်သွယ် ဆောင်ရွက် လျက်ရှိကြောင်း
လည်း ပါကစ္စတန် သတင်းအရင်း အမြစ်များက ဇန်နဝါရီလ ၂၇ ရက်နေ့
တွင် ပြောကြားခဲ့ ပါသည်။

ယီမင်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ အာဖဂန် နစ္စတန်နှင့် ပါလက် စတိုင်း နယ်မြေများ အတွင်း အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေး နိုင်ငံတို့က
မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂ ကျွမ်းကျင်သူ များက စုံစမ်းစစ်ဆေးမှု စတင်လျက် ရှိကြောင်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ben Emmerson က ကြေညာခဲ့ ပြီးနောက် ရက်အနည်းငယ် အကြာတွင် အထက်ပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ပါကစ္စတန် နိုင်ငံ တွင် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ရန် ပါကစ္စတန် အစိုးရက အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း ပါကစ္စတန် မျိုးနွယ်စု ဒေသများတွင် အမေရိကန် အစိုးရက တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လျက် ရှိပါသည်။

http://www.myawady.net.mm/allnews/global/item/5540-2013-01-28-15-15-55#.UQZSWp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ပါကစ္စတန် နိုင်ငံတွင် အမေရိကန် တို့၏ မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ စက်တင်ဘာလ အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တိုင်ကြားမည် ဖြစ်ကြောင်း ပါကစ္စတန်
နိုင်ငံက ပြောကြား ခဲ့ပါသည်။

မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆွေးနွေးရန် လူ့အခွင့်အရေး ကော်မရှင်နှင့် ဆက်သွယ် ဆောင်ရွက် လျက်ရှိကြောင်း
လည်း ပါကစ္စတန် သတင်းအရင်း အမြစ်များက ဇန်နဝါရီလ ၂၇ ရက်နေ့
တွင် ပြောကြားခဲ့ ပါသည်။

ယီမင်၊ ပါကစ္စတန်၊ ဆိုမာလီယာ၊ အာဖဂန် နစ္စတန်နှင့် ပါလက် စတိုင်း နယ်မြေများ အတွင်း အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေး နိုင်ငံတို့က
မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှု အပေါ် ကုလသမဂ္ဂ ကျွမ်းကျင်သူ များက စုံစမ်းစစ်ဆေးမှု စတင်လျက် ရှိကြောင်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Ben Emmerson က ကြေညာခဲ့ ပြီးနောက် ရက်အနည်းငယ် အကြာတွင် အထက်ပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ပါကစ္စတန် နိုင်ငံ တွင် မောင်းသူမဲ့ လေယာဉ်များဖြင့် တိုက်ခိုက်မှုကို ရပ်တန့်ရန် ပါကစ္စတန် အစိုးရက အကြိမ်ကြိမ် တောင်းဆိုခဲ့ သော်လည်း ပါကစ္စတန် မျိုးနွယ်စု ဒေသများတွင် အမေရိကန် အစိုးရက တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်လျက် ရှိပါသည်။

မှ မြ၀တီ

SHARE THIS
Previous Post
Next Post