ဖရဲအရောင်းသွတ်လာသဖြင့် ဖရဲဈေး ပြန်မြင့်လာ

တောင်ငူ ၊ ၂၇-၁-၂၀၁၃
ဖရဲသီး ပေါ်စက ဖရဲစိုက် တောင်သူများ အရှုံးပေါ် ခဲ့သော်လည်း မူဆယ်ဈေးကွက် ၏ ၀ယ်လိုအား ပြန်လည် မြင့်တက် လာမှုကြောင့် ဖရဲဈေး ပြန်တက် လာကြောင်း သိရသည်။

ဒီဇင်ဘာလ လဆန်းပိုင်း မှစ၍ ပဲခူး ၊ လှည်းကူး ၊ တောင်ငူ တို့တွင် ဖရဲများ စပေါ်ခဲ့ရာ ရောင်းတန်းဝင် ဖရဲသီးချော တစ်လုံးလျှင် ကျပ် ၇၀၀ ၊ ကျပ် ၉၀၀ သာရှိပြီး ဖရဲ စိုက် တောင်သူများ အရှုံးပေါ် ခဲ့သည်။ ယခုအခါ ဝေါ ၊ က၀ ၊ သက္ကလ ၊ ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း မင်းလှ ဒေသများမှ ဖရဲများ ဆက်လက် ထွက်ရှိ လာပြီး မူဆယ် ဈေးကွက်သို့ ပို့နေသော ကုန်သည်များမှ အခင်းဈေး တစ်လုံးလျှင် ကျပ် ၁၃၀၀ ဖြင့် ပေးချေ ၀ယ်ယူ လျက်ရှိကြောင်း နှင့် ဈေးပို ရသော်လည်း ယခုဖရဲများမှာ ပေါ်စ ဖရဲကဲ့သို့ အလုံး မချောကြောင်း သိရသည်။

ဖရဲကုန်သည်များ အပြိုင်အဆိုင် တင်ပို့ နေမှုကြောင့် ယခင်က ပဲခူးမှ မူဆယ်သို့ ဖရဲသီး တင်ပို့ခ ကျပ် ၁၀၅၀၀၀ မှ ယခု ကျပ် ၁၁၀၀၀၀ ဈေးအထိ မြင့်တက် လျက်ရှိသည် ။ " ကျွန်တော့် ကားမှာ ဖရဲသီး ၁၅ တန် တင်လာတယ်။ ပုံမှန် ဈေးထက် ငါးထောင် ပိုရတော့ ကားတစ်ခေါက်ကို ကျပ် ၇၀၀၀၀ လောက် ပိုရပါတယ်။ ဖရဲဈေး တက်တော့ ကုန်သည် တွေလည် သူတို့ပစ္စည်း အမြန် ရောက်ချင် ကြတယ်။ ဒါကြောင့် ဖရဲသီး ဈေးရော ၊ ကားခရော တက်လာတာပါ ...." ဟု မူဆယ်သို့ ဖရဲသီး ပို့သူ ကားသမား တစ်ဦးက ပြောသည်။

တောင်ငူမြို့နှင့် အနီး ၀န်းကျင် ဒေသများတွင် စစ်တောင်း မြစ်ရေ ကျချိန် စိုက်ပျိုးခဲ့သော ဖရဲသီးများ အစောဆုံး ပေါ်လေ့ရှိပြီး လယ်ရိတ် သိမ်းချိန် သီးထပ် စိုက်ပျိုးသော ဖရဲသီးများ မကြာမီ ဆက်လက် ပေါ်လာမည် ဖြစ်ကြောင်း သိရှိရသည်။

from ပြည်ချစ်သား

==========================================

SHARE THIS
Previous Post
Next Post