ဝိုင်းမော်
ဇန်န၀ါရီလ ၃ရက်
ချီဖွေရေအားလျှပ်စစ်စက်ရုံမှ ၀ိုင်းမော်မြို့နယ်
မိုင်းနားရွာအနီးရှိ ဓာတ်အားပေးစက်ရုံသို့ သွယ်တန်း ထားသည့် ပင်မလျှပ်စစ်တာဝါတိုင်အား
ကေအိုင်အေမှ ဒီဇင်ဘာ ၃၀ ရက်ည ၁၀ခွဲလောက်မှ ကချင်ပြည်နယ် အတွက် နှစ်သစ်လက်ဆောင်အဖြစ်
မိုင်းဖောက်ခွဲခဲ့ပါသည်။ ၀ိုင်းမော်မြို့ မန်ဝိန်းကြီးရွာ နားမှ လျှပ်စစ် တာဝါတိုင်းအား
ကေအိုင်အေမှ မိုင်း ၃လုံးဖြင့် ဖောက်ခွဲခဲ့တာကြောင့် တာဝါတိုင်မှာ ပျက်စီး သွားခဲ့ပြီး
လျှပ်စစ် ဖြန့်ဝေမှု ရပ်တန့်ထားခဲ့ရပါသည်။