အကယ်ဒမီရရှိပြီးနောက် တာဝန်တစ်ခု ပိုလာသည်ဟု ချစ်စနိုးဦးဆို

ရန်ကုန်၊ ဇန်နဝါရီ၊ ၇။

၂၀၁၁ ခုနှစ် အကောင်းဆုံးဇာတ်ပို့ဆု ရရှိခဲ့သော အကယ်ဒမီ ချစ်စနိုးဦးက အကယ်ဒမီ ရရှိပြီးနောက် သူမအနေဖြင့် တာဝန်တစ်ခုပိုလာသည် ဟု မြန်မာ့
ခေတ်သို့ ပြောကြားသည်။

ရင်ကွဲနာ ဇာတ်ကားဖြင့် အကယ်ဒမီ ရရှိခဲ့ခြင်းဖြစ်ပြီး အနုပညာလောက တွင်းသို့ ရောက်ရှိခဲ့သည်မှာ ကိုးနှစ်တာ ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။

“အရှေ့မှာ အကယ်ဒမီဆိုတဲ့ တစ်လုံးလည်း ပိုလာတယ်ဆိုတော့ အစ်မ အပေါ်တာဝန်ပိုကြီးသွားတာပေါ့။ ဒီဟာအတွက်နဲ့ ထိုက်တန်တယ်ထင် လို့ ပေးထားတယ်၊ အဲဒီအပေါ်မှာလည်း ကိုယ့်ကိုပေးရကျိုးနပ်အောင် ဘယ်ဟာနဲ့ဖြစ်ဖြစ် အကောင်းဆုံးကြိုးစားသွားမယ်။” ဟု ချစ်စနိုးဦးက
ပြောကြားသည်။

ရင်ကွဲနာ ဇာတ်ကားတွင် ချစ်စနိုးဦးသည် အခေါင်းရိုက်၍ အသက်မွေးရ
သော မိသားစုတွင် ပေါက်ဖွားလာပြီး ဆင်းရဲချို့တဲ့ စွာ ကြီးပြင်းလာရသည့် ဇာတ်ပို့တစ်ဦးအနေဖြင့် သရုပ်ဆောင်ခဲ့ရသည့်အပြင် လုပ်ကျွေးနေသော အစ်ကိုအကြီးဆုံးအပေါ် ညှာတာ သိတက်သည့် ညီမတစ်ဦးအနေဖြင့်လည်း ပီပြင်စွာ သရုပ်ဆောင်ခဲ့ရသည်။

ဆက်လက်၍ “အစ်မတို့ ခေတ်တုန်းကဆိုရင် နေရာရဖို့ဆိုတာ တော်တော်
ကြိုးစားရတယ်။ ခေါင်းဆောင်ဆိုတာ စဝင်လာတာနဲ့ ရတာမဟုတ်ဘူး။
နှစ်နှစ်၊ သုံးနှစ်လောက်ကို အသည်းအသန်နဲ့ သူငယ်ချင်းခန်းတို့၊ မင်းသမီး
ရဲ့ ညီမတို့ အဲလိုဟာလေးတွေကမှ ခေါင်းဆောင်ဆိုပြီး ဖြစ်တာပေါ့။ ခုခေတ်
ကတော့ အိုက်တင်လုပ်တတ်ရင် တော်ရင်၊ ကောင်းရင် ချက်ချင်းကို ခေါင်း
ဆောင်လည်း ဖြစ်နိုင်တယ်။ အခွင့်အရေးတွေလည်း အများကြီး ရှိတယ်’’ ဟု ချစ်စနိုးဦးက ဆိုသည်။

သူမအနေဖြင့် တစ်ကိုယ်တော်တေးစီးရီးကို သင်္ကြန်မတိုင်ခင် ထွက်ရှိရန် ကြိုးစားလျှက်ရှိနေကြောင်း သိရပြီး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် အစီစဉ် မရှိသေးကြောင်းနှင့် အဆိုပါ တေးစီးရီး ထွက်ရှိပြီးမှသာ ရိုက်ကူးရန် ပြင်
ဆင်မည် ဖြစ်ကြောင်း သိရသည်။

အိအိ
ဓာတ်ပုံ - စူးရှ
မှ The Myanma Age

အေးချမ်းမွန်မှ  The Myanma Ageတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post