အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး စစ်တွေရောက်

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa သည် ယနေ့ နေ့လည်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။ယနေ့ နေ့လည် ၁ နာရီ ၅၅ ငါးမိနစ်တွင် တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာသည်ဟု ဒေသဆိုင်ရာ လူကြီး တစ်ဦးက ပြောသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် စစ်တွေမြို့သို့ ရောက်ရှိလာ ပြီးနောက် ရဟတ်ယာဉ်များဖြင့် ၂ နာရီ ၁၀ မိနစ်တွင် ဒုက္ခသည်များရှိရာ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် မောင်တောမြို့နယ်များသို့ ထွက်ခွာသွားခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးနှင့် အတူ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်၊ ဒကစ မှူး နှင့် အစိုးရ အရာရှိကြီးများ လိုက်ပါသွားသည်ဟု သိရသည်။ “ ရခိုင်ဘက်က မြို့မိမြို့ဖတွေနဲ့ ညနေ ၄ နာရီမှာ တွေ့ဖို့ ချိန်းထားပါတယ်။ အခုအချိန်ထိ မရောက်သေးပါဘူး။ ရဟတ်ယာဉ်တွေနဲ့ ထွက်သွားတာ ပြန်မရောက်သေးပါဘူး” ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။ စစ်တွေမြို့သို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးနှင့် စစ်တွေမြို့မှ ကုန်သည်ကြီးများ အားလုံးကိုတွေ့ဆုံရန် စစ်တွေ ဟိုတည်သို့ ဖိတ်ကြားထားသည်ဟု သိရသည်။ ယနေ့ ညနေတွင် စစ်တွေဟိုတည်တွင် အရေးအခင်းဖြစ်ပွါးသော ပေါက်တော ၊ ကျောက်တော် ၊ မင်းပြား ၊ မောင်တောမြို့နယ်ရှိ ဒုက္ခသည်များနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားမည်ဟု သိရသည်။ စစ်တွေဟိုတည်တွင် ညနေစာ ဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ကြောင်း နောက်တစ်နေ့ နံနက်တွင် သဲချောင်းကျေးရွာ ဒုက္ခသည်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။ (သတင်းအချက်အလက်များ သန်းမင်းထိုက် (စစ်တွေ) ပေးပို့သည်။) http://www.narinjara.com/burmese/?p=3879

SHARE THIS
Previous Post
Next Post