အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်း နယ်လှည့် စာကြည့် တိုက်ဖွင့်

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ယင်းမာပင် မြို့နယ် ယင်းမာပင်မြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း စုဝေး ခန်းမ၌ ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုး ဝင်းနှင့် တာဝန် ရှိသူများက နယ်လှည့် စာကြည့်တိုက် သွားရောက် ဖွင့်လှစ် ပေးကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်စိုးစိုးဝင်းက စာဖတ်ခြင်း အကျိုး ကျေးဇူးများ ကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြအေး နှင့် နည်းပြဆရာမများ၊ အဆင့်မြင့်သင် တန်းသူ ၂၅ ဦးနှင့် အခြေခံ သင်တန်းသူ ၄၉ ဦးတို့က နယ်လှည့် စာကြည့်တိုက် တွင် ခင်းကျင်း ပြသ ထားသော စာအုပ် စာစောင်များကို လေ့လာ ဖတ်ရှုကြ ကြောင်း သိရသည်။

http://bit.ly/W6Xiam

SHARE THIS
Previous Post
Next Post