ရခိုင်လူမျိုးတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးပါတယ် ဆိုသည့် ရတနာမိုင်နှင့် တွေ့ဆုံခြင်း

ရခိုင်လူမျိုးတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးပါတယ်
ဆိုသည့် ရတနာမိုင်နှင့် တွေ့ဆုံခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၈။

MMA ။ ။ လက်တလော အစ်မရဲ့ အနုပညာ ပတ်သက်ပြီး
ပြောပါအုံး။
YT ။ ။ အခု မိုင်လေးတို့ အင်တာတိန့်မန့် ရုံးခန်းလေးဖွင့်ထားတယ်။
ရုံးကနေ ပွဲလေးတွေ စီစဉ်ဖြစ်တယ်။ မိုင်လေး အင်တာတိန့်မန့်က
နေပြီးတော့ မတ်လ(၂၃) ရက်နေ့မှာ ပြည်သူ့ရင်ပြင်မှာ SIR ရှိုးပွဲလေး
ရှိတယ်။ လက်တလော အနုပညာ လှုပ်ရှားမှုကတော့ ဖေဖဝါရီလ
(၃)ရက်နေ့၊ မြောင်းမြမှာ iron crose နဲ့ သီချင်းဆိုဖို့ ရှိပါတယ်။ အိမ်မက်ဆုံရာက အဆိုတော်တစ်ဦးနဲ့ မျှော်စင်ကျွန်းမှာ (၁၀)ရက်နေ့ ဆိုဖို့ရှိတယ်။ သာစည်၊ ပခုက္ကုဘက်မှာ သီချင်းဆိုဖို့ ရှိတယ်။

MMA ။ ။ နောက်ထပ် အစ်မရဲ့ တစ်ကိုယ်တော်ခွေ ထပ်ထုတ်ဖို့ စီစဉ်နေပြီလား။
YT ။ ။ တတိယစီးရီး အတွက် စပြီး စီစဉ်နေပါပြီ။ သီချင်းတွေ စုနေပါပြီ။

MMA ။ ။ အစ်မ အနေနဲ့ ရခိုင်နဲ့ ပတ်သက်ပြီး သီချင်းဆိုဖို့ စီစဉ်
နေတယ်လို့ ကြားပါတယ်။
YT ။ ။ ဟုတ်တယ်။ ဆိုဖို့ရှိပါတယ်။ ခု SIR ကိုတောင်မှ မိုင်လေးတို့ ရခိုင်ပြည်နယ် ရန်ပုံငွေပွဲဆိုပြီးတော့ လုပ်သွားဖို့ ရှိပါတယ်။

MMA ။ ။ ဒီရန်ပုံငွေပွဲကို ဘယ်လိုရည်ရွယ် ချက်မျိုးနဲ့ လုပ်ဖြစ်
တာလဲ။
YT ။ ။ ရည်ရွယ်ချက်ကတော့ ကိုယ့်တိုင်းရင်းသားတွေ၊ ကိုယ့်ရခိုင်
လူမျိုးရေး အတွက်ကို မိုင်လေးက အဓိကထားပြီး၊ စေတနာထားပြီး ဆိုဖြစ်သွားတာပါ။ ရခိုင်ပွဲတင် မကပါဘူး။ ကိုယ့်ရခိုင်အတွက်လည်း မားမားမတ်မတ်နဲ့ ရပ်တည်ပေးတယ်။ နောက်တစ်ခုက ခုဖြစ်နေတဲ့ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်တွေအတွက် မိုင်လေးလည်း အစဉ်သင့်သလို ကိုယ်ကူညီနိုင် တဲ့ ဘက်ကနေ အမြဲကူည်ီပါတယ်။

MMA ။ ။ အခုဖြစ်နေတဲ့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး အစ်မအနေနဲ့ ဘယ်လိုမြင်လဲ။
YT ။ ။ ခုတော့ အေးချမ်းသွားပြီလို့ ထင်ပါတယ်။ အေးချမ်းစေချင်ပါ
တယ်။ အဲလို အရှည် အရှည်နဲ့ ဖြစ်သွားဖို့ ကတော့ ပြီးဆုံးနိုင်တော့ မှာမဟုတ်ဘူးလေ။ အဓိကတော့ အေးချမ်းတာလေးပဲ လိုချင်ပါတယ်။

MMA ။ ။ ရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ ကိုယ့်မြေမှာ လာနေပြီး
တော့ ဧည့်သည်လုပ်တဲ့သူက ကိုယ့်လူမျိုးကို စော်ကားတာ အစ်မ
အနေနဲ့ ဘယ်လိုမြင်မိလဲ။
YT ။ ။ ဘယ်လိုမြင်လဲဆိုတော့။ စော်ကားတာ၊ မစော်ကားတာထက်
ပြောချင်တာကတော့ အေးအေးချမ်းချမ်းပဲ ဖြစ်ချင်ပါတယ်။ အဲဒါ
လေးပဲ ပြောချင်ပါတယ်။

MMA ။ ။ အစ်မအနေနဲ့ ခုဂီတလောကကိုရော ဘယ်လိုမြင်လဲ။
YT ။ ။ ခုက ဒီမိုကရေစီခေတ်လည်း ဖြစ်လာပြီ။ မြန်မာနိုင်ငံမှာလည်း အမြင်ကျယ်လာပြီ ဆိုတော့ ကိုယ်ပြောချင်၊ ဆိုချင် တာတွေကို အရင် တုန်းကဆို စာသားတွေ ကျပ်တာတွေ ရှိတယ်လေ။ ခု ကိုယ်လိုချင်တဲ့၊ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒကို ဖော်ထုတ် ပြီး တော့ ရေးသားပြီး၊ သီဆိုခွင့်
ပြုတဲ့အတွက် နိုင်ငံကလည်း ခေတ်မီလာပြီ ဒီမိုကရေစီဘက်ကို လမ်းရောက်နေပြီ ဆိုတော့ ကိုယ်ဆိုချင်တဲ့ဟာကို ကိုယ်ဆိုလို့ ရတယ်။ နိုင်ငံရေး သီချင်းတွေလည်း ဆိုလို့ရတဲ့အတွက် အရမ်းကို
ကောင်းပါတယ်။

MMA ။ ။ ခု ပြုပြောင်းလဲလာတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေတဲ့ အချိန်မှာ အနုပညာသမားတွေ ဘာတွေ သတိထားသင့် တယ်ဆိုတဲ့ အချက်လေးကို ပြောပြပါအုံး။
YT ။ ။ ခုကျတော့ မီဒီယာကလည်း ပွင့်လင်းမှုရှိလာပြီ။ အနုပညာ
သမားတွေ အနေနဲ့ ပွင့်လင်းမှုရှိလာပြီဆိုတော့ အနေ၊ အထိုင် ဆင်ခြင်သင့်တယ်လို့ ထင်တယ်။ မီဒီယာကြောင့်ရယ် မဟုတ်ဘူး။ မီဒီယာက ကောင်းတယ်ဆိုရင်လည်း ကောင်းတာကို ရေးသွားမှာပဲ။
ရှေ့ဆာင်လမ်းပြအနေနဲ့ ရေးပြသွားရမယ်။ ကိုယ်တစ်ခု မဟုတ်တာ လုပ်ထားရင်လည်း မဟုတ်တာ အပေါ်မှာပဲလေ။ ခုဆို မီဒီယာတင် မဟုတ်ဘူး။ face book၊ အင်တာနက်လိုင်းတွေ အရမ်းကို ဆိုရှယ် နက်ဝက်က ပြန့်လာ ပြီဆိုတော့ အနုပညာသမားတွေအနေနဲ့
အနေ၊ အထိုင် ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။

MMA ။ ။ နိုင်ငံရေးမှာ အနုပညာသမားတွေ နိုင်ငံတည်ဆောက်ဖို့ အတွက် ဘယ်လိုမျိုး ပါဝင်သင့်သလဲ။
YT ။ ။ တဖက်တလမ်းကနေပြီးတော့ ကိုယ့်အနုပညာ ဂီတဆိုရင်လည်း ဂီတပေါ့၊ အက်စတာပိုင်း ဆိုလည်း အက်စတာပိုင်းပေါ့ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်ဖော်ဆောင်ချင်တဲ့ နိုင်ငံအတွက် ဂီတနဲ့ ချပြသင့်တယ်လို့ ထင်ပါ
တယ်။ ဥပမာပေါ့ နော် လူကုန်ကူးမှု ခံရကလေးလေးတွေ ဆိုလည်း အဲဒီအတွက် ရန်ပုံငွေပွဲက ရလာသမျှ ငွေတွေကို လှူတယ်။ ကလေး
တွေရဲ့ စိတ်ဓာတ်အားတတ်လာအောင် တေးသီချင်းတွေ ဆိုပေးတာတို့ လုပ်လာကြတာတွေကို မြင်တွေ့ရတယ်။ အဲဒါလေးတွေက ကောင်းတဲ့ အချက်လေးတွေပါ။ အနုပညာသမားအနေနဲ့ နိုင်ငံရေးမှာ ကိုယ်ဖြစ်ချင်တဲ့ လူငယ်တွေအတွက် စိတ်ဓာတ်ကြံ့ခိုင် အောင် ဂီတနဲ့ ကောင်းတဲ့ ဘက်မှာ ရှေ့ဆောင်လမ်းပြပေးဖို့ လိုအပ်ပါတယ်။

MMA ။ ။ ခုဆို မြန်မာပြည်သူများက ဆင်းရဲကြတယ်။ အတတ် ပညာပိုင်းရော၊ ပညာပိုင်းရော အားနည်းကြတယ်ဆိုတော့ အဲလိုမျိုး အတွက်ရော အနုပညာသမားတွေ၊ ဂီတသမားတွေပေါ့ သူတို့ အနီး
စပ်ဆုံးက ဒါတွေပဲဆိုတော့ ဘယ်လိုမျိုး လုပ်သင့်တယ်လို့ ထင်လဲ။
YT ။ ။ ပညာရေးကားလေးတွေ ခပ်များများ ရိုက်သင့်တယ်လို့ ထင်
ပါတယ်။ ခုကြည့်နေတာ ဇာတ်ကားတွေမှာ တခါလာလည်း အချစ်
ဇာတ်လမ်း၊ တခါလာလည်း မင်းသမီး ချစ်ကြိုက်၊ ကွဲညား ဒီလိုမျိုးပေါ့။ ဗွီဒီယိုဇာတ်လမ်းကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းကို သိနေပြီပေါ့နော်။ အဓိကတော့ ပညာပေး ဇာတ်ကားလေးတွေ ခပ်များများ ရိုက်သင့်တယ်လို့ ထင်ပါတယ်။

The Myanma Age

SHARE THIS
Previous Post
Next Post