ဆက်သွယ်ရေးဝန်ကြီးအပါအဝင် ဆက်သွယ်ရေးဌာန အရာရှိ ၅၀ ကျော်ကို စစ်ဆေး

.by Yangon Chronicle on Thursday, 24 January 2013

နှုတ်ထွက်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းအပါအဝင် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မှုခင်းစုံစမ်းရေးအဖွဲ့ CID၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ BSI အဖွဲ့များသည်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးကိုနေပြည်တော်ရှိ၎င်း၏ နေအိမ်တွင် အကျယ်ချုပ်ထားကာ စစ်ဆေးမေးမြန်းလျက်ရှိပြီး၊ ကျန်ဝန်ထမ်း ၅၀ ကျော်ကို နေပြည်တော်ရှိ ရဲတပ်ရင်းများတွင် ပူးပေါင်းအဖွဲ့မှစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံမှဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် ZTE နှင့် Huawei ကုမ္ပဏီများအပါအဝင် ပြည်တွင်းကုမ္ပဏီများဖြစ်သည့် Elite ၊ တာမိုးညဲ စသောကုမ္ပဏီ ၁၃ ခုရှိ တာဝန်ရှိသူများကို ပါ စစ်ဆေးနေကြောင်းသိရသည်။

နိုင်ငံတော်အနေဖြင့်ဆက်သွယ်ရေး ကဏ္ဍတွင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေချိန်တွင် ဝန်ကြီးများနှုတ်ထွက်ခြင်းသည် ယခင် အစိုးရ လက်ထက်ကကဲ့သို့ပင် မည်သည့်အကြောင်းကြောင့်နှုတ် ထွက်ခွင့်ပြုသည်ကို ပြည်သူများ သိရှိရန် အတွက်အစိုးရက ရှင်းလင်း စွာပြောကြားမှုမရှိဘဲ ပွင့်လင်းမြင်သာမှုမရှိကြောင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်တို့ကို ၎င်းတို့၏ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးပေးခဲ့သည်။


ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်းသည် ယခင်အစိုးရ လက်ထက်ကပင် အဆိုပါဌာနတွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်ဆောင်ခဲ့ပြီး ယခုအစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်

မှ Yangon Chronicle

ဆက်သွယ်ရေးဝန်ကြီးအပါအဝင် ဆက်သွယ်ရေးဌာန အရာရှိ ၅၀ ကျော်ကို စစ်ဆေး

.by Yangon Chronicle on Thursday, 24 January 2013 

          နှုတ်ထွက်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းအပါအဝင် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အရာရှိ ၅၀ ကျော်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်က ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မှုခင်းစုံစမ်းရေးအဖွဲ့ CID၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ BSI အဖွဲ့များသည်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

          ဆက်သွယ်ရေးဝန်ကြီးကိုနေပြည်တော်ရှိ၎င်း၏ နေအိမ်တွင် အကျယ်ချုပ်ထားကာ စစ်ဆေးမေးမြန်းလျက်ရှိပြီး၊ ကျန်ဝန်ထမ်း ၅၀ ကျော်ကို နေပြည်တော်ရှိ ရဲတပ်ရင်းများတွင် ပူးပေါင်းအဖွဲ့မှစစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

   ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံမှဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် ZTE နှင့် Huawei ကုမ္ပဏီများအပါအဝင် ပြည်တွင်းကုမ္ပဏီများဖြစ်သည့် Elite ၊ တာမိုးညဲ စသောကုမ္ပဏီ ၁၃ ခုရှိ တာဝန်ရှိသူများကို ပါ စစ်ဆေးနေကြောင်းသိရသည်။

        နိုင်ငံတော်အနေဖြင့်ဆက်သွယ်ရေး ကဏ္ဍတွင် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေချိန်တွင် ဝန်ကြီးများနှုတ်ထွက်ခြင်းသည် ယခင် အစိုးရ လက်ထက်ကကဲ့သို့ပင် မည်သည့်အကြောင်းကြောင့်နှုတ် ထွက်ခွင့်ပြုသည်ကို ပြည်သူများ သိရှိရန် အတွက်အစိုးရက ရှင်းလင်း စွာပြောကြားမှုမရှိဘဲ ပွင့်လင်းမြင်သာမှုမရှိကြောင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားကြောင်း သိရသည်။

           ဇန်နဝါရီလ ၁၆ ရက်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းနှင့် သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်တို့ကို ၎င်းတို့၏ သဘောဆန္ဒအရ နှုတ်ထွက်ခွင့်ကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးပေးခဲ့သည်။


            ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဦးသိန်းထွန်းသည် ယခင်အစိုးရ လက်ထက်ကပင် အဆိုပါဌာနတွင် ဒုဝန်ကြီးအဖြစ် တာဝန်ထမ်ဆောင်ခဲ့ပြီး ယခုအစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန်မှ   Yangon Chronicle  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post