ပါကစ္စတန်ကျောင်းသူ မာလာလာ ဆေးရုံမှ ခေတ္တဆင်းခွင့်ရ


အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေး လှုပ်ရှုားတောင်းဆိုမှုကြောင့် တာလီဘန်တို့က သေနတ်ဖြင့်ပစ်ခတ်မှု ခံခဲ့ရသော ပါကစ္စတန်ကျောင်းသူ မာလာလာ ယူဆွတ်ဖ်ဇိုင်းသည် ဆေးရုံမှ ယာယီဆင်းခွင့်ရပြီး ဗြိတိန်တွင် မိသားစုနှင့်အတူ နေထိုင်မည်ဟု သိရှိရသည်။

အသက် ၁၅ နှစ်အရွယ် မာလာလာသည် တာလီဘန်တို့၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ဗြိတိန်နိုင်ငံ ဘာမင်ဂမ်ရှိ Queen Elizabeth ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။

မာလာလာသည် လာမည့် ဖေဖေါ်ဝါရီလအတွင်း အရေးပါသည့် ဦးခေါင်းခွဲစိတ်မှုတစ်ခုကို ခံယူရအုံးမည်ဖြစ်ကာ အဆိုပါခွဲစိတ်ကုသမှု မခံယူမီ ဆေးရုံမှ ခေတ္တဆင်းခွင့်ရခြင်းဖြစ်သည်။

Photo: Sky News

မှ Planet Myanmar Network

SHARE THIS
Previous Post
Next Post