ဂျပန် အဘိုးအို၏ ကမ္ဘာ့ အသက် အရှည်ဆုံး စံချိန်ကို ချိုးဖျက်မည့် အသက် ၁၂၇နှစ်ရှိ တရုတ် အဘွားအို

နိုင်ငံရေး၊ စီးပွားရေးနှင့် ပိုင်နက် အငြင်းပွားမှုများ အဆက်မပြတ် ဖြစ်ပေါ်လျက် ရှိသော တရုတ်နှင့် ဂျပန်နိုင်ငံ တို့သည် ယခုအခါတွင် ယှဉ်ပြိုင်ရမည့် အခြား အကြောင်းအရာ တစ်ခု ထပ်မံ တိုးလာဖွယ် ရှိနေသည်။
အသက် ၁၁၅ နှစ်ရှိ ဂျပန်နိုင်ငံမှ အဘိုးအို တစ်ဦး၏ ကမ္ဘာ့ အသက် အရှည်ဆုံး စံချိန်ကို တရုတ် နိုင်ငံမှ အသက် ၁၂၇ နှစ်ရှိ အဘွားအို တစ်ဦးက ချေဖျက်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ဂျပန် နိုင်ငံမှ အမျိုးသားကြီး တစ်ဦးသည် ယခုလ အစောပိုင်း ကပင် အသက် ၁၁၅နှစ်ဖြင့် ကမ္ဘာ့ အသက် အကြီးဆုံးအဖြစ် တရားဝင် ထုတ်ပြန် ကြေညာခြင်း ခံခဲ့ရ သော်လည်း တရုတ် နိုင်ငံသည် ၎င်းစံချိန်ကို ပြန်၍ ချိုးဖျက် ပြောင်းလဲ ရန် ပြင်ဆင်လျက် ရှိသည်။

ယခု သီတင်းပတ် အတွင်း တရားဝင် သတင်းထုတ်ပြန် ချက်များအရ အသက် ၁၂၇နှစ်ရှိ တရုတ် အမျိုးသမီး ကြီးသည် ၎င်း၏ စံချိန်ကို ချေဖျက်ရန် စံချိန်သစ် တင်လိုက်နိုင်ပြီ ဟုလည်း ထပ်တလဲလဲ အခိုင်အမာ ထုတ်ပြန်ကြေညာ ထားသည်။

ဂျီရိုမွန် ကီမူရာ အမည်ရှိ စာပို့သမား ဟောင်းတစ်ဦး ဖြစ်သော ဂျပန် အဘိုးအိုသည် ၁၈၉၇ ခုနှစ် ဧပြီလ ၁၉ရက်တွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး အမေရိကန်မှ ဒီနာမန် ဖရတ်ဒီ သေဆုံး ခဲ့ပြီး နောက် ကမ္ဘာ့ အသက်အကြီးဆုံး အဖြစ် ဂင်းနစ် မှတ်တမ်း ဝင်ခဲ့သူ ဖြစ်သည်။

သို့သော် မကြာသေးမီ ရက်အနည်း ငယ်အတွင်း ဆင်ဟွာ သတင်း ဌာန၏ ထုတ်ပြန်ချက်အရ လောမေကျန်း အမည်ရှိ တရုတ် အမျိုးသမီးကြီး တစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက အသက် ၁၂၇နှစ် ပြည့်မြောက် ခဲ့သည်ဟု အခိုင်အမာ ပြောကြား ထားသည်ကို သိရ သည်။

မစ္စစ် လောသည် ကွမ်ရှီး ဒေသအတွင်းရှိ ပါပါစီရင် စုနယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းဒေသ သည် ဒေသခံများ၏ အသက် ရှည်ခြင်းကြောင့် ကျော်ကြားသော နယ်မြေ တစ်ခုဖြစ်သည်။

အဆိုပါ တရုတ် အမျိုးသမီးကြီးသည် ၁၈၈၅ခုနှစ်တွင် မွေးဖွားခြင်း ဖြစ်သည်ကို သူမ၏ နိုင်ငံသား စိစစ်ရေး ကတ်ပြားက အခိုင်အမာ ဖော်ပြလျက် ရှိသော်လည်း ၎င်းအချက်အား အတည်ပြု နိုင်ရန်အတွက် သူမတွင် မွေးစာရင်း မရှိကြောင်း သိရသည်။

မှ မြ၀တီ

http://www.myawady.net.mm/knowledge/incredibleworld/item/3189-2012-12-31-10-32-46

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post