ဖမ်းဆီးသစ်များ တင်ဆောင်လာသည့် ကားမှောက်ခြင်း သတင်းဖြစ်စဉ်အမှန်အား ရှင်းလင်းတင်ပြခြင်း

ဖမ်းဆီးသစ်များ တင်ဆောင်လာသည့် ကားမှောက်ခြင်း သတင်းအား မင်းလွင်(DVB) မှ ဖြစ်စဉ်အမှန်နှင့် ၄င်းတင်ပြမှုကွဲလွဲနေခြင်းရှိသည့်အတွက် ဖြစ်စဉ်အမှန်အား ရှင်းလင်းတင်ပြခြင်း
၃၀-၁၂-၂၀၁၂ ရက်နေ့ ၁၃၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မယင်းကျေးရွာ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာတွင် ပုလဲမြို့နယ်သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးထားသည့် ကျွန်းလေးထောင့်(၇)တုံး၊ သစ်မာ(၆)တုံး၊ စုစုပေါင်း (၄.၅)တန်ခန့်အား မြောက်ယမားသစ်တောကြိုးဝိုင်း၊ အိုင်ကြီးရွာလယ်မှ တင်ဆောင်၍ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်နေ သိန်းဇော်မြင့်(၄၃)နှစ် မောင်းနှင်လာသည့် ဘ/xxxx တရုတ်ခေါင်းတို ခြောက်ဘီးယာဉ်သည် သစ်ထုတ်လုပ်ရေးလမ်းအတိုင်း မယင်းရွာသို့ သယ်ဆောင်လာစဉ် ခင်သာရွာနှင့် မယင်းရွာကြား ကုန်းဆင်း၌ ဘရိတ်ပေါက်ပြီး လမ်းဝဲဘက်သို့ တိမ်းမှောက်သွားခဲ့သည်။ ဖြစ်စဉ်မှာ- မယင်းကျေးရွာရှိ သစ်တင်သည့် အလုပ်သမားများအား (၁)ဦးလျှင် ၅၀၀၀-ကျပ်နှုံးဖြင့် အလုပ်သမား(၁၄)ဦးအတွက် စုစုပေါင်းငွေ (၇၀၀၀၀)-ကျပ်တိတိအား အလုပ်သမားအဖွဲ့ ခေါင်းဆောင်ဖြစ် သည့် မောင်ဝင်းကို ထံသို့ အလုပ်မစတင်မှီ အချိန်ကတည်းက အပြေအကြေပေးချေပြီး သစ်တင်ရန်အတွက် ပုလဲမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးထွန်းမောင်ရှိန်က ခေါ်ဆောင်ခဲ့ပါ သည်။ သစ်များတင်ဆောင်လာသော NISSAN ကားမှာ အပြန်ခရီးတွင် မယင်းကျေးရွာ အရှေ့ မြောက်ဘက် ၌ ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့ပါသည်။ အလုပ်သမား (၁၄)ဦး အနက် (၅)ဦးသေဆုံးခဲ့ပြီး ဒရိုင်ဘာနှင့် ယာဉ်နောက်လိုက်အပါအ၀င် စုစုပေါင်း(၁၁)ဦးမှာ ဒဏ်ရာ အသီးသီး ရရှိခဲ့ပါသည်။ သေဆုံးသူ(၅)ဦး၏ မိသားစုများထံသို့ သစ်တောဦးစီးဌာနနှင့် မော်တော်ယာဉ် ပိုင်ရှင်တို့က သဂြိုလ်စရိတ်အဖြစ် (၁)ဦးလျှင် ကျပ်(၁)သိန်းနှုံးဖြင့် ထောက်ပံ့ ထားပါသည်။ ထို့အတူ ကျန်ရှိဒဏ်ရာရ (၁၁)ဦးကို ပုလဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လူနာအပါအ၀င် လူနာစောင့်များအတွက် နေ့စဉ်ကုန်ကျ စရိတ် နှင့်တကွ ဆေးဖိုးဝါးခများအား မော်တော်ယာဉ်ပိုင်ရှင်မှ တာဝန်ယူဆောင်ရွက် ပေးလျှက်ရှိပါသည်။ ၄င်းအပြင် ဒဏ်ရာရ လူနာ(၁၁)ဦးမှ (၃)ဦးအား မုံရွာဆေးရုံသို့ ပို့ဆောင်ပေးပြီး (၁)ဦးလျှင် (၁၅၀၀၀၀)ကျပ် ထောက်ပံ့ထားပါသည်။ ၄င်းဒဏ်ရာရ လူနာ(၃)ဦးကို ပုလဲမှမုံရွာဆေးရုံသို့ ပို့ဆောင်မှုတွင် မင်းတိုင်ပင်ရွာနှင့် ပုလဲမြို့ရှိ လူမှုရေးအသင်းပိုင် ကားဖြင့် ပို့ဆောင်ခဲ့ပါသည်။ ပုလဲမြို့နယ် အုပ်ချုပ်ရေးမှုးနှင့်သစ်တောဦးစီးဌာနမှ လူနာများအား လိုက်လံကြည့်ရှု ကူညီထောက်ပံ့မှုများ ပေးထားကြောင်း မော်တော်ယာဉ်ပိုင် ဦးအောင်ကျော်မိုး၏ ပြောပြချက်အရ သိရှိရပါသည်။ ဦးအောင်ကျော်မိုး 09-400549321်from THit Htoo Lwin blog်

SHARE THIS
Previous Post
Next Post