့မြန်မာ့ရုပ်မြင်သံကြားသတင်းများထုတ်လွှင့်ချိန် ပြောင်းလဲ


ဇန်နဝါရီလ ၉ ရက် ညနေပိုင်းအစီအစဉ်များမှ စတင်၍ ပြည်တွင်းသတင်းများကို ညနေ ၆ နာရီ၁၅ မိနစ်တွင်တစ်ကြိမ်၊ ညနေ ၇ နာရီမှာ ၁၀ မိနစ်တွင်တစ်ကြိမ် ၊ ည ၈နာရီမှာ ၁၅ မိနစ်နှင့် ည ၁၀ နာရီမှ ၃၀ မိနစ်ခန့်တို့တွင် တစ်ကြိမ်စီ အသီးသီး ပြောင်းလဲ ထုတ်လွှင့်နေပြီ ဖြစ်သည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ၏ ည၈ နာရီ သတင်းအစီအစဉ်များ ထုတ်လွှင့်ချိန် ကြာမြင့်မှု ကို ပြုပြင် သင့်ကြောင်း ပြည်သူများက အကြံပြုခဲ့သဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းလဲရန် ဆောင်ရွက်နေသည့် အတွက် ပြည်သူ့ ဗဟိုပြု မူဝါဒများကို စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
နံနက်၇နာရီတွင်တစ်ကြိမ် သတင်းထုတ်လွှင့်သဖြင့် တစ်ရက်လျှင် ၅ကြိမ် သတင်းထုတ်လွှင့်မည်ဖြစ်ပြီး ညနေ ၇ နာရီဝန်းကျင် သတင်းထုတ်လွှင့်မှု့တွင် လွှတ်တော်အစည်းအဝေးမှ သတင်းများကို ထုတ်လွှင့်မည်ဟု ယနေ့ညပိုင်း သတင်းများတွင် ကြေညာသွားသည်။


Credit: 7Day News Journal

SHARE THIS
Previous Post
Next Post