ရခိုင်အရေးဖြေရှင်းရာတွင် နိုင်ငံ၏ လုံခြုံရေးနှင့် တိုင်းရင်းသားတို့ အရေးဖြင့်ဆောင်ရွက်ရန်လိုအပ်ဟု ရခိုင်အမျိုးသားကွန်ရက်မှ တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၈။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့်ပတ်သက်၍ ဖြေရှင်းရာတွင်နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားလူမျိုးအရေး တို့ကို ကြည့်၍ ဆောင်ရွက်ရန်လိုအပ်သည်ဟု ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဌ
ဦးတင်ထူးအောင်က ပြောကြားသည်။

ယနေ့ နေ့လည် ၁ နာရီတွင် ရခိုင်အမျိုးသားကွန်ယက် ရုံးခန်း၌ ပြုလုပ်သော ငြိမ်းချမ်းရေးတေးသံ ပြည့်အားမာန် (တိုင်းရင်းသားပေါင်းစုံ) ရံပုံငွေ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အရေးဖြေရှင်း
ရာတွင် နိုင်ငံသားအခွင့်အရေးထက် နိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ စီးပွားရေးနှင့် တိုင်းရင်းသားအရေးတို့ကို ကြည့်၍ ဆောင်ရွက်ရန်
လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပဋိပက္ခများ မဖြစ်ပွားအောင်ညှိနှိုင်းဆောင်ရွက်နေသော်လည်း အခြေအနေအမျိုးမျိုးကြောင့် ဆက်လက်ဖြစ်ပွားနေမှုများရှိသည်။
ထိုသို့ဖြစ်ပွားရခြင်းမှာလည်း ဘာသာရေး နှင့် လူမျိုးရေးအယူအဆ ကွဲလွဲမှုများ ကြောင့်ဖြစ်သည်ဟု ရခိုင်ဒေသခံအချို့က ဝေဖန်ကြသည်။

ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က “နိုင်ငံတစ်နိုင်ငံမှာ အချုပ်အခြာအာဏာဟာ အရေးကြီးပါတယ်၊
နိုင်ငံကိုတံခါးမရှိ ဓားမရှိ ဝင်ထွက်နေတာမကောင်းဘူးပေါ့၊ မနက်ဖြန်ကြည့်
တယ်ဆိုတာ မဖြစ်ရဘူး နှစ်ပေါင်းရည်ရှည်ကို ကြည့်ရမယ်၊ ကြိုးစားဖို့ လိုတယ်”ဟု ပြောကြားသည်။

ပြဿနာများမဖြစ်ပွားအောင် ထိန်းသိမ်းဆောင်ရွက်မှုများ ပြုလုပ်နေ
သော်လည်း တည်ငြိမ်အေးချမ်းမှုများမရှိသေးခြင်းတို့ကြောင့် ဘာသာ
ရေးနှင့် လူမျိုးရေးအယူအဆ ကွဲလွဲမှု ပြဿနာများ ပိုမိုဆိုးရွားစွာ
ဖြစ်ပေါ်လာမည်ဖြစ်ပြီး အေးချမ်းတည်ငြိမ်စွာနေထိုင်နိုင်ရန် အတွက်
ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေရစဲ အခြေအနေဖြစ်နေကြောင်း
သိရသည်။

အောင်ပြည့် (မြန်မာ့ခေတ်)

အောင်ပြည့်

SHARE THIS
Previous Post
Next Post