၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် ရခိုင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

Myanmar News Update's photo.
၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် ရခိုင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ် ရခိုင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ (သစ်တော တက္ကသိုလ်များ -ရေဆင်း) ဥက္ကဋ္ဌ ဒေါ်လှနုဖြူ ဦးစီး၍ ရခိုင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်း အနားကို ဇန်နဝါရီ ၂၇ ရက်မွန်းလွဲ ၂ နာရီက သစ်တော တက္ကသိုလ် ပတ္တမြား ရတု ခန်းမ၌ ကျင်းပရာ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ငွေ တက်ရောက် အမှာစကား ပြော ကြားသည်။

အခမ်း အနားသို့ သစ်တော တက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်၍ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ငွေနှင့်  တာဝန် ရှိသူများက ၂ဝ၁၁-၂ဝ၁၂ ပညာ သင်နှစ်တွင် ထူးချွန်ဆု ရရှိသော ကျောင်းသား၊  ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြဝတီ

SHARE THIS
Previous Post
Next Post