|
မောင်တောမှ ရခိုင်ကျောင်းသားကလေးများဘဝ
" ဒီခရီးစဉ်က ၄ ရက်လောက်သာ ကြာခဲ့တယ်ဆိုပေမယ့်
ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကတော့
အတော်လေးကြေကွဲရင်နင့်စရာကောင်းပြီး လွယ်လွယ်နဲ့မေ့လို့ရနိုင်မယ့်
ခရီးစဉ်တစ်ခုတော့မဟုတ်ပါဘူး။ မောင်တောင်မြို့နယ်မှာ
မီးရှို့ဖျက်စီးခံခဲ့ရတဲ့ သရေကုန်ဘောင်ရွာ၊ ခရေမြိုင်ရွာနဲ့
တခြားကျေးရွာကကလေးငယ်တွေရဲ့ ပညာဆက်လက်သင်ကြားရေးဟာ အင်မတန်စိုးရိမ်စရာ
အနေအထားမှာရှိနေကြတုန်းပါ။ သရေကုန်ဘောင်ရွာမှာ
ဆိုရင်ရွာလုံးကျွတ်ပြာကျသွားအောင် မီးရှို့ခံခဲ့ရတယ်။ ဘုန်းကြီးကျောင်းရော
စာသင်ကျောင်းပါတစ်ခုမှ မချန်ခဲ့ဘူး။ လက်ရှိမှာဒုက္ခသည်တွေဟာ
ရွက်ဖျက်တဲလေးတွေဆောက်ပြီး ဆင်းရဲဒုက္ခကြီးစွာနဲ့ နေနေကြရပါတယ်။
ဒုက္ခသည်ကလေးငယ်တွေဟာလည်း အလိုတော်ပြည့်ဘုန်းကြီးကျောင်းနဲ့
ဗဟိုလ်ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံပြီးပညာဆက်လက် သင်ကြားနေကြရပါတယ်။
စာသင်ကျောင်းတွေက ဘင်္ဂလီရွာကြားထဲမှာရှိတာဆိုတော့
အဓိကရုဏ်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကလေးငယ်တွေ ကြောက်စိတ်ဝင်သွားကြပြီး
ကျောင်းသွားမတက်ရဲကြတော့ဘူး။ လုံခြုံရေးကလည်းစိတ်ချရတဲ့
အခြေအနေမှာမရှိပါဘူး။ ဆရာတော်တွေကမကထဦးစီးပြီးတော့ ကျောင်းဆရာ/ဆရာမတွေကို
ခေါ်ယူငှားရမ်းထားကြရတယ်။ " ဟု ကိုထွန်းမောင်က ပြောဆိုသည်။ရခိုင့်ဒုက္ခသည်များ၏ စားဝတ်နေရေးဒုက္ခအပြင် ကလေးငယ်များ၏ ကျန်းမာရေးနဲ့ ပညာရေးမှာလွန်စွာ ဆိုးဝါးနေသဖြင့် ဒီဒုက္ခအခက်အခဲတွေမှ လွန်မြောက်ဖို့နဲ့ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လက်ရှိအစိုးမှာ အဓိကတာဝန်ရှိကြောင်းလည်းကို ထွန်းမောင်ကအာရ်ကန်တိုင်းမ်စ်သို့ ဆက်လက်ပြောကြားသည်။
" ဒီဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ အရင်အခြေအနေမျိုးမဟုတ်ရင်တောင် အခုကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေလောက်မဆိုးတဲ့ အနေအထားတခုမျိုးကိုပေါ့လေ သူတို့ရဲ့မူလလုပ်ကိုင်စားသောက်နေကြတဲ့ လုပ်ငန်းခွင်တွေမှာ လွတ်လွတ်လပ်လပ်လုံလုံခြုံခြုံနဲ့ပြန်လည် လုပ်ကိုင်နိုင်လာအောင်၊ ဒုက္ခသည်ကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးကို လုံခြုံစိတ်ချစွာ သင်ကြားတတ်မြောက်နိုင်အောင် နိုင်ငံတော်အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ထင်သာမြင်သာရှိအောင် ပူးပေါင်းဆောင်ရွက်ဖို့ အဓိကပါပဲ။ " ဟု ကိုထွန်းမောင်က ရှင်းလင်းပြောကြားသွားခဲ့သည်။