ဟီလာရီကလင်တန်ဆေးရုံကဆင်းပြီ

နယူးယောက်မြို့ က ဆေးရုံတရုံမှာ ဦးခေါင်းသွေးခဲမှုကို ကုသမှုခံယူနေတဲ့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ဟာ ဒီကနေ့  ညနေမှာ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။ ဟီလာရီ့ ကို ခင်ပွန်းဖြစ်သူသမ္မတဟောင်းဘီကလင်တန်နဲ့ သမီးဖြစ်သူ ချယ်လဆီးကလင်တန်တို့ က ဆေးရုံကနေ အိမ်ကိုခေါ်ဆောင်သွားကြပါတယ်။ သူ့ကို ကူသပေးတဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဟီလာရီရဲ့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေပြီး မကြာခင် မှာလုံးဝနာလန်ပြန်ထူလာနိုင်မယ်လို့ သိရပါတယ်။ fromBurma-Newselite

SHARE THIS
Previous Post
Next Post