ဆရာတော် ဒေါက်တာနဒ္ဒမာလာဘိဝံသ၏ ၀က်ဆိုက်လွှင့်တင်


ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်၊ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်၊ စစ်ကိုင်းသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူ ဆရာတော် ဒေါက်တာနဒ္ဒမာလာဘိဝံသ၏ အင်တာနက်ဝက်ဘ်ဆိုက်ကို လွှင့်တင် ခဲ့သည်ဟုသိရသည်။

www.drnandamalabhivamsa.com.mm အမည်ရှိအဆိုပါ ၀က်ဘ်ဆိုက်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် လွှင့်တင်ထားပြီး ဆရာတော်၏ မိန့်ကြားချက်များ၊ သာသနာရေးလုပ်ရှားမှုများ၊ ဓမ္မအမေးအဖြေများ၊ စာအုပ်များ၊ ဗီဒီယိုဖိုင်များ၊ ဓာက်ပုံများ၊ အသံဖိုင်များနှင့် ထေရုပ္ပတ္ထိတို့ကို ကဏ္ဍအလိုက် တင်ဆက်ထားရှိကြောင်းသိရသည်။

ဝက်ဘ်ဆိုက်၏ထူးခြားချက်မှာ အမေးအဖြေကဏ္ဍပါဝင်ခြင်းဖြစ်ပြီး မေးမြန်းလိုသူများအနေဖြင့် အီးမေးလ်လိပ်စာပေး၍ မေးခွန်းများ ကိုပေးပို့ မေးမြန်းနိုင်ကြောင်းသိရှိရသည်။ ၀က်ဘ်ဆိုက်ကို Information Matrix ကုမ္ပဏီမှ ဒီဇိုင်းရေး ဆွဲလှူဒါန်းပြီး Red Link ကုမ္ပဏီမှ ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစုများအပါအ၀င် ကုမ္ပဏီမှရောင်းချသည့် အင်တာနက်လိုင်း အသုံးပြုသူများမှနေ၍ အလှူဒါနပြုလုပ်ကာ နိုဝင်ဘာလ ၈ ရက်နေ့၌ လွှင့်တင်ခဲ့သည်ဟု သိရသည်။

SHARE THIS
Previous Post
Next Post