ဟိန်းဝေယံရဲ့ အချစ်ရေးနဲ့ အနုပညာခံယူချက်

လူငယ် ပရိသတ်တွေရဲ့ အား ပေးမှု အခိုင်အမာ ရရှိထားတဲ့ ဟိန်း ဝေယံက ဒါရိုက်တာ ကိုဇော် (အရုဏ် ဦး)ရိုက်ကူးတဲ့”ပင်န်ဆယ်ဟီး” (ယာယီ အမည်ပေး) ဇာတ်ကားကို မိုးဟေကိုနဲ့ အတူ သရုပ်ဆောင်ထားပါတယ်။ ဒီ ဇာတ်ကားလေးက အိမ်ထောင်ရေး ဇာတ်လမ်းလေးဖြစ်ပြီး ဟိန်းဝေယံက လူငယ် ဆရာဝန် တစ်ယောက်အဖြစ် သရုပ်ဆောင် ထားပါတယ်။

၂ဝ၁၃နှစ် သစ်ရောက်ရှိလာပြီဖြစ်တဲ့အတွက် ၂ဝ၁၂မှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကား တွေကို ဘယ်လိုသုံးသပ်မိ လဲဆိုတာ ကို ဟိန်းဝေယံက.. ”ကျွန်တော် ဇာတ်ကားတွေ စပြီးရိုက်ကူးတဲ့အချိန်ကတည်းက အခုချိန်ထိ သရုပ်ဆောင်မှုအပိုင်း မှာ ရာနှုန်းပြည့်အားရတယ်လို့တော့ မဟုတ်ဘူး။ ဆက်ပြီးတော့ လေ့လာ ရဦးမယ်။

ပညာ ဆိုတာက ဆုံးခန်း မတိုင်ဘူးဆိုတဲ့အတိုင်း ဆက်ကြိုးစား ရဦးမယ်။ ရာနှုန်းပြည့် ကိုယ့်ကိုယ် ကိုယ် ကျေနပ်အားရမမှု မရှိသေးပါ ဘူး။ အဲဒီလိုမျိုးတော့ ကျွန်တော့်ကိုယ် ကျွန်တော် သုံးသပ်မိတယ်”လို့ ပြော ပါတယ်။

ဒါ့အပြင် ဟိန်းဝေယံကို သူ့ရဲ့ အနုပညာခံယူချက်ကို မေး ကြည့်တော့.. “အနုပညာဆိုတာက တအား ကို ကျယ်ပြန့်ပြီး နက်နဲတဲ့အရာတစ် ခုပါ။ လေ့လာလိုက်စားလို့ မကုန်နိုင် ဘူး။ ကိုယ်က အနုပညာကိုချစ် တယ်။ တန်ဖိုးထားရင်တော့ တန်ပြန် တဲ့ သက်ရောက်မှုတော့ ရှိတယ်။ ဘယ်အရာပဲ လုပ်လုပ် စေတနာ ကောင်းကောင်းထားလို့ရှိရင် ကံ ကောင်းမယ်။ တန်ပြန် တဲ့ သက် ရောက်မှုတော့ ရမယ်လို့ထင်တယ်။ ပြီးတော့ အနုပညာ အလုပ် မှာ ရေ ရှည်ရပ်တည်နိုင်ဖို့ကလည်း ရှိသင့်ရှိ ထိုက်တဲ့ အရည်အချင်းတွေ အကုန် လုံးရှိမှဖြစ်မယ်လို့ထင်တယ်။ ကံတွေ၊ စန်းတွေလည်းပါမယ်၊ အားလုံး ပြည့် စုံတော့မှ အနုပညာလောကမှာ ရေ ရှည်ရပ်တည်နိုင်မယ်လို့ ကျွန်တော် ထင်တယ်” လို့ပြောပါတယ်။

ဟိန်းဝေယံရဲ့ ဇာတ်ကားတွေ ကို အားပေးနှစ်သက်ကြတဲ့ ပရိသတ် တွေ ကလည်း ဟိန်းဝေယံရဲ့ အချစ် ရေးကို စိတ်ဝင်စားနေကြပါတယ်။ အချစ် ရေးနဲ့ပတ်သက်ပြီးပရိသတ်တွေ စိတ် ဝင်စားနေကြတဲ့အတွက် အိမ် ထောင် ဖက်ကိုလည်း ဘယ်လို အချက်တွေနဲ့ ရွေးချယ် သွားမလဲ ဆိုတာကို ဟိန်းဝေယံက
”လောလောဆယ်တော့ အချစ် ရေးက အေးဆေးပါပဲ။ ဘယ်အချိန် မှာဘာဖြစ်မလဲဆိုတာကိုလည်း မစဉ်း စားပါဘူး။ အားလုံးက ကံ တရားပါပဲ။ လူပျိုကြီးလည်း ဖြစ်သွားနိုင်သလို အိမ်ထောင်လည်းကျ သွားနိုင်တယ်။ ကြိုမမြင်ရပါဘူး။ ကံတရားအတိုင်း ပါပဲ။ အိမ်ထောင်ဖက်ကို အချက်တွေ နဲ့တွေးထားတာ မရှိသေးဘူး။ ဒါပေမဲ့ ကျွန်တော်ရွေးချယ်မယ့် အိမ်ထောင် ဖက်ပုံစံက ကျွန်တော့်ကိုလည်းချစ် တယ်၊ ကျွန်တော်ကလည်း သူ့အပေါ် မှာချစ်တယ်၊ တစ်ယောက်နဲ့ တစ် ယောက် သစ္စာရှိဖို့ပဲလိုတယ်။ ရုပ် ချောတာ၊ ရုပ်မချောတာက အဓိက မဟုတ်ပါဘူး။ အဓိကက အပြန် အလှန် တကယ်ချစ်ပြီး သစ္စာရှိဖို့ပဲ အရေးကြီးတယ်။ ကိုယ်ကျင့် တရား ကောင်း ဖို့လည်း လိုတယ်။ ကျန်တဲ့ အချက်တွေက ကျွန်တော့်အတွက် သိပ်အရေးမကြီးပါဘူး”လို့ပြောပါ တယ်။

တွယ်တာ

မှ Popular Journal
"ဟိန်းဝေယံရဲ့ အချစ်ရေးနဲ့ အနုပညာခံယူချက်"

အေးချမ်းမွန်မှ  Popular Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post