မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ

=============================
ယနေ့တွင်တော့ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တပ်မတော်(ရေ)တို့၏ ရေတပ်အ င်အား နှိုင်းယှဉ်မှု ဗီဒီယို ဖိုင်ကို ကြည့်မိသည်။ သူတို့နိုင်ငံမှ ပြုလုပ်သည့် ဗီဒီယိုဖိုင် ဖြစ်သောကြောင့် နှိုင်းယှဉ်ချက်များသည်လည်း ကွာခြားလွန်း လှသည်။ ထိုဗီဒီယိုကို ကြည့်ပြီး ကာကွယ်ရေး အသုံးစရိတ်လျော့ ချဖို့ တောင်းဆိုသူများကိုလည်း ဒေါသထွက်ရပေသည်။

ဘင်္ဂလားဒေ့ရှ်သားတို့၏ အင်တာနက် ဖိုရမ်တစ်ခုတွင် မေးထားသော အမေးအဖြေ တစ်ခုကလည်း စိတ်ဝင်စား စရာ ကောင်းသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ ကြည်း၊ရေ၊ လေ အင်အားက ဘယ်သူသာသလဲ။ တိုက်ပွဲ ဖြစ်ရင် ဘယ်သူ အနိုင်ရမလဲတဲ့။ ထိုမေးခွန်းကို ကျွန်တော် တို့ မြန်မာများ ဘယ်လိုဖြေကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပင်။ ဘင်္ဂလား များကတော့ ယခုလို ဖြေသည်။

အဖြေ(၁) ဒါကတော့ ဘယ်သူက ဘယ်နေရာမှာ၊ ဘယ်အချိန်၊ ဘယ်လို၊ ဘာကြောင့် တိုက်တယ်ဆိုတဲ့အပေါ် မူတည်တယ်တဲ့။

အဖြေ(၂) လေကြောင်းအင်အားမှာ MIG-29 လိုမျိုး တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပိုင်ဆိုင်တာချင်း တူရင်တောင် ဘင်္ဂလားဒေ့ရှ်က အမေရိကန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ် တို့နဲ့ တရားဝင် လေ့ကျင့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ထားတဲ့ အတွက် သူတို့က သာပါတယ်တဲ့။

အဖြေ(၃) ၂၀၀၁ ခုနှစ်အတွင်း ဘင်္ဂလား-အိန္ဒိယ နယ်နိမိတ် အငြင်းပွားနေချိန် ဘင်္ဂလားဒေ့ရှ် ခြေလျင်တပ်ဖွဲ့ အင်အား ၆၀ ၀န်းကျင် ရှိတဲ့ နယ်စပ် စခန်းတစ်ခုကို အိန္ဒိယ စစ်သား ၁၀၀ ကျော်က လာရောက်တိုက်ခိုက် ခဲ့ချိန်မှာ တိုက်ပွဲအပြီး အိန္ဒိယ တပ်သား ၇၀ သေဆုံးပြီး ဘင်္ဂလားဒေ့ရှ်စစ်သား ၃ ယောက်ပဲ သေခဲ့တဲ့ သမိုင်း ရှိတာမို့ သူတို့ စစ်တပ်ဟာ ဘယ်ကိုမှ မကြောက်ပါဘူး။

အဖြေ(၄) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အင်အားပြည့်ဝတဲ့ တပ်မတော် ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် တပ်သား များစွာဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ အာဖရိကနိုင်ငံတွေ ဖြစ်တဲ့ ဆူဒန်၊ကွန်ဂို လို အန္တရာယ်ကြီးမား တဲ့ ဒေသတွေမှာ တာဝန် ထမ်းဆောင်ကြတဲ့အတွက် အမြဲတမ်း အဆင်သင့်ဖြစ်ပြီး ဘယ်နိုင်ငံလာလာ တိုက်ခိုက်ဖို့ အသင့်ပါပဲ။
------
ဝီကီတွင် ဖော်ပြထားသော ဘင်္ဂလားဒေ့ရှ် စစ်တပ်နဲ့ ပတ်သက်၍ တရုတ်နိုင်ငံမှ လက်နက်ငယ်များသာမက သေးငယ်မြန်ဆန်သော ဒုံးပစ်ရေယာဉ် Type 053H1 ကဲ့သို့ ကြီးမားသော တိုက်ရေယာဉ်များကို ၀ယ်ယူခဲ့သည်။ အမေရိကန် ဦးဆောင်သော ၁၉၉၁ စစ်ပွဲများဖြစ်သည့် ကူဝိတ်၊ ကန္တာရမုန်တိုင်း စစ်ဆင်ရေး၊နှင့် အာဖဂန် စစ်မြေပြင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ရေး အင်အား တောင့်တင်းမှုမှာ ကြည်းတပ် ၃ သိန်း၊ လေတပ် ၂သိန်း ၂သောင်း၊ ရေတပ် ၂ သောင်းနီးပါး ရှိသည်။ ယနေ့တွင် ဘင်္ဂလားဒေ့ရှ် တပ်မတော် ဆင်နွှဲနေသော စစ်ပွဲ မရှိဘဲ ၁၉၉၁ ကန္တာရမုန်တိုင်း စစ်ဆင်ရေးတွင် အင်အား ၂၃၀၀၊ UN Peacekeeping forces တွင် စစ်သား ၁၀၇၃၆ ပါဝင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရေအတွက် အများဆုံး ပူးပေါင်းပါဝင်သည့် နိုင်ငံ ဖြစ်သည်။

ကျွန်တော်တို့မှာက တပ်မတော်အား အင်အားတောင့်တင်းဖို့ကို မစဉ်းစား၊ ပြည်နယ်တစ်ခုစီခွဲပြီး လက်နက်ကိုင်ဖို့ ပြင်နေကြသည်မှာ အနာဂတ် မြန်မာနိုင်ငံအတွက် ရင်လေးစရာ ဖြစ်သည်။ စစ်ဖြစ်သော်ရှိ၊ မဖြစ်သော်ရှိ ကျွန်တော်တို့ လည်း ခပ်မာမာ ပြန်ပြောနိုင်ဖို့ မိတ်ဆွေတို့ သိတဲ့ ဗဟုသုတလေးတွေ ဝေမျှပါအုံး။

Opposite Eye

SHARE THIS
Previous Post
Next Post
January 30, 2013 at 8:29 PM

မြန်မာ့ နိုင်ငံမှာ ၈၈အမေရိကန် လေယဉ်တင် သင်္ဘောံ
ပင်လယ်ဝ ကနေဘာလို့ ပြန်လှည့်သွားရသလဲ

Reply
avatar