တေလာဆစ်ဖ်စုံတွဲ၏ ၆၅ ရက်ကြာ ဇာတ်လမ်း အဆုံးသတ်

Wednesday, 09 January 2013

(၆၅)ရက်ကြာ တွဲခဲ့ပြီးနောက် One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်စ်နှင့်

တေလာဆွစ်ဖ်တို့ လမ်းခွဲလိုက်ပြီဟု သိရှိရသည်။ ကာရေဘီယန် ဒေသသို့ အပျော်ခရီး ထွက်ခဲ့သည့်နောက် ယင်းကြယ်ပွင့် အနုပညာရှင် နှစ်ဦး၏ ဆက်ဆံရေးမှာ ခါးသီးလာခဲ့ကြောင်း သတင်းများက ဆိုသည်။

အသက်(၁၈)နှစ်ရှိ ဟယ်ရီသည် အသက်(၂၃)နှစ်အရွယ် တေလာကို

ခေါ်ယူကာ ဗာဂျင်ဂေါ်ဒါ ကျွန်းသို့ နှစ်သစ်ကူး ကာလတွင် သွားရောက်လည်ပတ် အနားယူနေခဲ့သည်။

သို့သော်လည်း ထိုနောက်ပိုင်းတွင် အခြေအတင် ဖြစ်စရာ ပြဿနာများ ကြုံခဲ့ရပြီး တေလာသည် အမေရိကန်သို့ လေယာဉ်ဖြင့် အစောတလျင်

ပြန်လာခဲ့ကြောင်း The Sunက ဖော်ပြခဲ့သည်။ ယင်းတို့၏ ဆက်ဆံရေးမှာလည်း (၆၅)ရက်နှင့် နိဋ္ဌိတံသွားပြီဟု ဆိုသည်။

Planet Myanmar Network

SHARE THIS
Previous Post
Next Post