မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်


ယခုအခါ နိုင်ငံတော် ၏တတိယ အဆင့် ပြုပြင် ပြောင်းလဲရေး အတွက် အုပ်ချုပ်ရေး နှင့်စီမံခန့် ခွဲရေးစနစ် ပြုပြင် ပြောင်းလဲမှု များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူများ၏ လူမှု စီးပွားရေး ဘဝ တိုးတက်ရေး အတွက် မိမိတို့ အစိုးရ အနေဖြင့် ကောင်းမွန်သည့် အုပ်ချုပ်မှု စနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေး တို့ကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတော် ကို ပြုပြင် တည်ဆောက် လာခဲ့သည်မှာ (၁)နှစ်နှင့် (၉)လရှိခဲ့ ပြီဖြစ်ပါကြောင်း၊ ဤသို့ တစ်ဆင့်ပြီး တစ်ဆင့် အကောင် အထည်ဖော်ဆောင် မှုများကြောင့် ပြီးခဲ့သည့် (၆)လ တာ ကာလအတွင်း ကမ္ဘာ့နိုင်ငံ များ၏ မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မူဝါဒများသည် ဘက်စုံအရှိန် အဟုန်ဖြင့် တိုးတက်ပြောင်းလဲ လာသည်ကို တွေ့မြင် နိုင်ပါကြောင်း၊ ထိုသို့ တစ်ဆင့်ပြီး တစ်ဆင့် ပြုပြင် ပြောင်းလဲ တိုးတက် ဆောင်ရွက် လာမှုများ အပေါ်တွင် နိုင်ငံတကာက အကူအညီ၊ အထောက်အပံ့ ပေးလိုသော အဖွဲ့ အစည်းများက မိမိတို့ နိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးမဟာ ဗျူဟာနှင့် မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အစီအမံ များကို ဦးစားပေး ကဏ္ဍနှင့် ဦးစားပေး နယ်မြေတို့ကို သိရှိလို ကြသည့် အ တွက် ယခုကဲ့သို့ ဖိုရမ်ကို ကျင်းပဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်းဖြင့် ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန၌ ကျင်းပသည့် ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ပူ့းပေါင်း ဆောင်ရွက်ရေး ဖိုရမ်ဖွင့်ပွဲ အခမ်းအနား၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အဖွင့်အမှာ စကားပြောကြား ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတက ဆက်လက် ပြောကြားရာတွင် ကမ္ဘာ တစ်ဝှမ်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ များနှင့် နိုင်ငံတကာ အဖွဲ့အစည်း များအပါ အ၀င် အားလုံး စုံညီစွာ တက်ရောက် ပေးကြသည့် အတွက် အလွန် ၀မ်းမြောက် ဂုဏ်ယူမိ ပါကြောင်း၊ အဆွေတော်တို့ အားလုံး သိရှိကြသည့် အတိုင်း နိုင်ငံတော် အစိုးရ၏ ပထမ အဆင့်ပြုပြင် ပြောင်းလဲရေး မဟာ ဗျူဟာတွင် နိုင်ငံရေး စနစ် ပြောင်းလဲခြင်း နှင့်အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ် များကို သိသာ ထင်ရှားစွာ ဆောင်ရွက် ခဲ့သည့်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံတော်၏ ဒုတိယ အဆင့် ပြုပြင် ပြောင်းလဲရေး မဟာ ဗျူဟာကို နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ပြည်သူများ၏ လူမှု စီးပွားရေး ဘ၀ တိုးတက်ရေး အတွက် အာရုံ စိုက်ဆောင်ရွက် သွားရန် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး ကာလကို (၅)နှစ် စီမံကိန်း များဖြင့် ကာလရှည်(၂၀၁၁ မှ ၂၀၃၁ ခုနှစ် အထိ) နှစ်(၂၀) လွှမ်းခြုံသည့် အမျိုးသား ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းကို ရေးဆွဲလျက် ရှိပါကြောင်း၊ မိမိတို့၏ ပြုပြင် ပြောင်းလဲရေး မဟာ ဗျူဟာနှင့် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ကိုလည်း အဆွေတော် တို့အား ချပြ တိုင်ပင် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲရေး အခြေခံ မူဘောင်အရ ပြည်သူ့ ဗဟိုပြု ဖွံ့ဖြိုးမှုနည်း လမ်းနှင့် ချဉ်းကပ် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်စနစ်၊ ငွေကြေး ကဏ္ဍ၊ ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် ဖြေလျှော့မှုများ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု၊ ကျန်းမာရေးနှင့် ပညာရေး၊ စားနပ် ရိက္ခာ ဖူလုံမှုနှင့် လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု၊ အစိုးရ စနစ်နှင့် ပွင့်လင်း မြင်သာမှု ရှိရေး ဆောင်ရွက်ရန်များ၊ မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် စနစ် တိုးတက် ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်များ၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များနှင့် ထိရောက် ထက်မြက်သည့် အစိုးရ စနစ် ဖြစ်ပေါ်ရေး အစီအစဉ် များအဖြစ် ဦးစားပေး နယ်ပယ်(၁၀) ရပ် ပါဝင်ကြောင်းကို အသိပေး ပြောကြား လိုပါကြောင်း၊ မြန်မာ အစိုးရ၏ စီးပွားရေး ဆိုင်ရာ မူဝါဒများ အနေဖြင့် စိုက်ပျိုးရေးကို ပိုမို တိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီ စက်မှု နိုင်ငံ ထူထောင်ရေးနှင့် ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေး၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များ အကြား အချိုးကျ မျှတစွာ ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်သူလူထု တစ်ရပ်လုံး ရရှိ ခံစားနိုင်မည့် လူမှု စီးပွား နယ်ပယ် အသီးသီး ဖွံ့ဖြိုး တိုးတက်ရေး၊ စာရင်းအင်း ကိန်းဂဏန်းများ မှန်ကန်ရေးနှင့် စာရင်းအင်း ဆိုင်ရာနည်း စနစ်များ ပြင်ဆင်ရေး စသည့် စီးပွားရေး မူဝါဒများကို ချမှတ်ထား ပါကြောင်း၊ ၂၀၀၅ ခုနှစ် ပဲရစ် ကြေညာ စာတမ်းအရ အကူအညီ အထောက်အပံ့ များထိရောက် အကျိုးရှိရေး အတွက်ချမှတ်ထားသည့် ပိုင်ဆိုင်မှု၊ ညီညွတ်မှု၊ လိုက်လျော ညီထွေရှိမှု၊ ရလဒ်အတွက် စီမံ ဆောင်ရွက်မှု၊ အပြန်အလှန် တာဝန်ယူမှု စသည့် အခြေခံမူ (၅)ရပ်နှင့် အညီ မိမိတို့ နိုင်ငံအနေဖြင့် အကူအညီ အထောက် အပံ့ ပေးသော နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်ပူးပေါင်း ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးမှု အကူအညီများ ထိထိရောက်ရောက ရှိရေး ကိစ္စသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက် အလွန် အရေးကြီး ပါကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံး၏ လူနေမှု ဘ၀ အရည် အသွေးကို တိုးတက်စေ နိုင်မည့် လူမှုစီးပွား နယ်ပယ် အသီးသီးကို ပြည်တွင်းရှိ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၊ လူမှု အဖွဲ့အ စည်းများ၊ ဒေသတွင်း အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ စသည့် ပြည်တွင်းအားကို သာမက အပြည်ပြည် ဆိုင်ရာမှ အလှူရှင် နိုင်ငံများနှင့် အဖွဲ့ အစည်းများ၊ အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့ အစည်းများ စသည့် Stakeholders အသီးသီးမှ ပူးပေါင်း ပါဝင်ဆောင်ရွက် မှသာ မိမိတို့ နိုင်ငံ ဖွံ့ဖြိုးမှုသည် ပိုမို မြန်ဆန် နိုင်မည်ဖြစ်ပါ ကြောင်း၊ အကူအညီ၊ အထောက်အပံ့၊ ချေးငွေများကို လက်ခံရယူ သည့်အခါ အိမ်ရှင် နိုင်ငံက အဓိက မောင်းနှင် သူနေရာ ယူပြီး နိုင်ငံတကာ တွင်ချမှတ် ထားသော ထောင်စုနှစ် ပန်းတိုင်များ ကဲ့သို့သော ပန်းတိုင်နှင့် ရည်မှန်းချက် များလည်း ပြည့်မီစေ နိုင်သကဲ့သို့ အကူအညီ အထောက်အပံ့ ပေးအပ်သည့် နိုင်ငံ၏ စေတနာ အရ ထိရောက်သော ဖွံ့ဖြိုးမှု အကူအညီ ဖြစ်ရန် အဖွဲ့အစည်း ဆိုင်ရာ ယန္တရား တစ်ရပ် ထူထောင်ပြီး စောင့်ကြပ် ကြည့်ရှုခြင်းနှင့် အကဲဖြတ် ခြင်းကိုလည်း သေချာစွာ ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဖွံ့ဖြိုးမှု မိတ်ဖက်များက မိမိတို့ ဆောင်ရွက် နေသော စီမံချက်များ နှင့်စပ်လျဉ်းသည့် သတင်း အချက်အလက် များကို ပုံမှန် ပေးပို့ခြင်းဖြင့် အကူ အညီများ ပိုမို ထိရောက် စေနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏ဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန် မြှင့်တင်ရာတွင် နိုင်ငံတကာ အသိုင်း အ၀ိုင်း၏ အသိပညာ ဗဟုသုတ၊ အတွေ့ အကြုံနှင့် အရင်းအမြစ် များကို အသုံးပြုနိုင် ရန်အတွက် မိမိတို့ အစိုးရ အနေဖြင့် ပြည်သူများ အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင် ပူးပေါင်းဆောင်ရွက် ရာတွင် ပိုမို ထိရောက်ရေး အတွက် ခိုင်မာသော လုပ်ဆောင်ချက် များကို ဆောင်ရွက်သွားရန် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး၌ ထိရောက်မှု ရှိစေမည့် နေပြည်တော် သဘော တူညီချက် ကို အတည်ပြု ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိရောက်သော ဖွံ့ဖြိုးမှု အကူအညီ ဆိုရာတွင် အကူအညီ အထောက်အပံ့များ၊ အတိုးမဲ့ ချေးငွေ၊ အတိုးနှုန်း သက်သာသော ချေးငွေ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု များကို စနစ်တကျ စီမံခန့်ခွဲ နိုင်ခြင်းဖြင့် ကောင်းမွန်သော ရလဒ်နှင့် ပြယုဂ်ကြောင့် အကူအညီ များပိုမို စီးဝင်စေခြင်း၊ အလှူရှင် များ၏ စိတ်ဆန္ဒ စေတနာ ပိုရှိစေခြင်း၊ ထိရောက်သော အကောင်အထည် ဖော်မှုများနှင့် မိမိတို့ နိုင်ငံ၏ မျှော်မှန်းထားသည့် ရည်မှန်းချက် များအောင်မြင် စေခြင်း၊ လူနေမှု ဘ၀ အရည်အသွေး တိုးတက်စေခြင်း၊ လူသား ဖွံ့ဖြိုးမှု ဖြစ်ပေါ် စေသည့်အတွက် မိမိတို့ နိုင်ငံ၏ ရည်မှန်းချက် ဖြစ်သော ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံ တစ်ခုသို့ ကူးပြောင်းမှု ဖြစ်စဉ်ကို များစွာ အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရသည် ပြည်သူရွေးချယ် ထားသော ပြည်သူ့ အစိုးရ ဖြစ်သည့် အတွက် ပြည်သူ၏ အကျိုးစီးပွား၊ ပြည်သူ၏ မျှော်မှန်းချက်နှင့် ပြည်သူ၏ ဆန္ဒများကို အကောင်အထည် ဖော်ဆောင်ရွက် ပေးရန် People Centered Government ဖြစ်ရန် လိုအပ်ပါကြောင်း၊ လယ်ယာ ကုန်ထုတ်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ် လုပ်ငန်းနှင့် အိမ်တွင်း စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အသေးစား ပုဂ္ဂလိက ငွေစုငွေချေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်သမ ၀ါယမ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက် လူနေမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက် စွမ်းအင်ဖွံ့ဖြိုး တိုးတက်ရေး၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ၀င်ငွေ တိုးတက် ရရှိရေး အတွက် အထူး အလေးထား ဆောင်ရွက် ရမည် ဖြစ်သကဲ့သို့ ပြည်သူများ တိုက်ရိုက်ရရှိ ခံစားစေသည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိခံစား နိုင်ရေး၊ ပညာရေး တိုးတက်မှု ရှိရေး၊ လူနေမှု ဘ၀ ဖူလုံရေး၊ လျှပ်စစ်မီး သုံးစွဲနိုင်ရေး၊ ဆက်သွယ်မှု စနစ် ကောင်းမွန်ရေး များကိုလည်း တစ်ပါတည်း အလေးထား ဆောင်ရွက်သွား ရမည် ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍ သက်သက် တစ်ရပ် သာမကဘဲ စက်မှု လုပ်ငန်းများ ထူထောင်ပြီး နိုင်ငံတကာ ဈေးကွက်သို့ မိမိနိုင်ငံ ၏ပို့ကုန်များ တင်ပို့ နိုင်ရေး ကိုလည်း အထူး စီမံကိန်း များဖြင့် အကောင်အထည် ဖော်ဆောင် ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်း စဉ်များကို ဆောင်ရွက် လျက်ရှိရာ အပြည်ပြည် ဆိုင်ရာ အသိုင်းအ၀ိုင်း အကူ အညီများ ရရှိပါက မိမိတို့၏ ရည်မှန်း ချက်များ ပိုမို ပေါက်မြောက် အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးသည် တစ်ခုနှင့် တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသကဲ့သို့ အမှီသဟဲ ပြုနေပါကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်း မှသာ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် နိုင်မည် ဖြစ်သကဲ့သို့ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှလည်း တိုင်ပြည် တည်ငြိမ် အေးချမ်းမည် ဖြစ်ပါကြောင်း၊ Unity and Diversity ဆိုသည့် သဘော တရားအတိုင်း သဘောထား တူညီသည်များ ရှိသကဲ့သို့ မတူညီ သည်များရှိ သည်ကိုလည်း လက်ခံရမည် ဖြစ်ပါကြောင်း၊ တူညီသည် များကို တိုင်းပြည်နှင့် လူမျိုးအတွက် ပူးပေါင်း ဆောင်ရွက်ပြီး မတူညီ သည်များကို စိတ်ရှည် သည်းခံပြီး တဖြည်းဖြည်း တူညီသည် အထိ ညှိနှိုင်း ရယူသွား ရမည် ဖြစ်ပါကြောင်း၊ ရင်ကြားစေ့သည့် အနေအထား မျိုးရောက်လာအောင် မိမိတို့ လက်တွေ့ ကြိုးစား ဆောင်ရွက် နေပါကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် လူမျိုးစု လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းသည် မဖြစ်မနေ ဆောင်ရွက် ရမည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရ လက်ထက်တွင်လည်း တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ရအောင်၊ သာမန် မခိုင်မြဲသော ငြိမ်းချမ်းရေး အဆင့်မှ ရေရှည် တည်တံ့ ခိုင်မြဲသည့် ထာဝရ ငြိမ်းချမ်းရေး ရအောင် ကြိုးစားကြရ မည်ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်း နေထိုင်ခဲ့ရ သူများ၊ ငြိမ်းချမ်းရေး ရယူခဲ့သောအဖွဲ့ များ၏ လူမှုစီးပွား အခြေအနေများ တိုးတက် ကောင်းမွန်စေရေး၊ အဆိုပါ ဒေသများတွင် စီးပွားရေး အခွင့်အလမ်းနှင့် အလုပ်အကိုင် ဖန်တီးရေး တို့အတွက် အလွန် အရေးပါလျက် ရှိပါကြောင်း ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှု ဗဟိုဌာန ထူထောင် ထားပြီး ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းများ၌ ပါဝင် လှူဒါန်းသော အလှူရှင် နိုင်ငံများ ကိုလည်း ကျေးဇူးအထူး တင်ရှိ ပါကြောင်းကို ဤနေရာမှ ပြောကြားလိုကြောင်း၊ အလျဉ်းသင့်၍ KIO အဖွဲ့နှင့် ငြိမ်းချမ်းရေး ကိစ္စကို ပြောပြ လိုပါကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိသည် အထိ မိမိ အနေဖြင့် ဆက်လက် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ KIO မှလွဲ၍ ကျန်အဖွဲ့(၁၀)ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး Political Dialogue ကိစ္စရပ် များကို ယခု ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းတွင် စတင် ဆောင်ရွက်ရန် ပြင်ဆင်နေ ပါကြောင်း၊ KIO ကိုလည်း ငြိမ်းချမ်း ရေးဆောင်ရွက်ရန် ဆက်လက် ကမ်းလှမ်းထားပြီး ယခုလည်း ဤနေရာမှ ထပ်မံဖိတ် ခေါ်လိုက်ပါကြောင်း၊ မကြာမီ ငြိမ်းချမ်းရေးကို ကမ်းလှမ်းလာ နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခါ တပ်မတော်က အကန့် အသတ်ဖြင့် ဆောင်ရွက်နေသော စစ်ရေး ကိစ္စဆောင်ရွက် မှုများရပ်ဆိုင်းရန် အမိန့် ပေးထားပြီး ဖြစ်ပါကြောင်း၊ တစ်ဖက်ကလည်း အလားတူ ရပ်ဆိုင်း ပေးသွားရန် လိုအပ်ပါကြောင်း၊ လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ သန်းခေါင် စာရင်းကို ကောက်ယူရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်(၃၀)ခန့်ကြာမှ သန်းခေါင် စာရင်းကို ထပ်မံ ကောက်ယူနိုင်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ သန်းခေါင် စာရင်းကောက် ယူရာတွင် လိုအပ်မည့် အကူအညီ အထောက်အပံ့ များကို နိုင်ငံတကာ အဖွဲ့အစည်း များမှ ၀ိုင်းဝန်း ကူညီပံ့ပိုးရန် အတွက် လိုအပ်ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် ပြောကြား လိုသည်မှာ ယခု ဖိုရမ်သည် မိမိတို့ နိုင်ငံအတွက် နှစ်ပေါင်း(၅၀) ကျော်အတွင်း ပထမဆုံး ကျင်းပ ဆောင်ရွက်သည့် ဖိုရမ် ဖြစ်ပါကြောင်း၊ ကမ္ဘာ တစ်ဝှမ်းမှ ဖွံဖြိုးမှု မိတ်ဖက် အဖွဲ့များနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများ အပါအ၀င် ဧည့်သည်တော် များအားလုံး မအားလပ်သည့် ကြားမှ စုံညီစွာ တက်ရောက်ပေး ကြသည့်အတွက် အထူး ကျေးဇူးတင် ရှိပါကြောင်းကို ပြောကြား လိုပါကြောင်း၊ ယခု ဖိုရမ်တွင် မိမိတို့ နိုင်ငံ ဖွံ့ဖြိုးမှု အတွက် အလွန်အရေး ပါသော ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ နှင့်ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး စီံမံကိန်း များကို ချပြ ဆွေးနွေးမည် ဖြစ်သကဲ့သို့ ဖွံ့ဖြိုးမှု မိတ်ဖက်များ အနေဖြင့်လည်း တတ်စွမ်းသမျှ ပါဝင် ကူညီဆာင် ရွက်ပေး နိုင်ရေး ဆွေးနွေးပေး ပါရန်နှင့် ဖွံ့ဖြိုးမှု အတွေ့ အကြုံများကို ဝေမျှနိုင်ရန် သီးခြား ဆွေးနွေးမည့် Session များတွင်လည်း ရလဒ်ကောင်းများ ပေါ်ထွက်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ သံအမတ် ကြီးများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ ဌာနေ ကိုယ်စားလှယ်များ၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ် ကြီးများ၊ ကမ္ဘာ တစ်ဝှမ်းမှ အလှူရှင် နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ် များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အခမ်းအနားသို့ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စု ၀န်ြ ကီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ ကမ္ဘာ တစ်ဝှမ်းမှ အလှူရှင် နိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြား ထားသော ဧည့်သည်တော် များတက်ရောက် ခဲ့ကြကြောင်း သတင်းရရှိ သည်။

SHARE THIS
Previous Post
Next Post