မာလီတွင် ပြင်သစ်က လေကြောင်းပစ်ကူပေးနေသော်လည်း သူပုန်တို့ အသာရနေဆဲ

မာလီအစိုးရ တပ်များကို ပြင်သစ်က လေကြောင်းပစ်ကူ ပေးနေသော်လည်း အစ္စလာမ်မစ် အစွန်းရောက် သူပုန်တပ်ဖွဲ့များက စစ်ရေး သာနေဆဲဟု သတင်းများက ဖော်ပြခဲ့သည်။ မာလီတွင် အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့များနှင့် ဆက်နွယ်နေသော သူပုန်များသည် တနင်္လာနေ့က နောက်ထပ် နယ်မြေ အချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့အပြင် မဟာဗျူဟာအရ အလွန်အရေးပါသည့် စစ်စခန်း တစ်ခုကိုလည်း ယင်းသူပုန် တပ်ဖွဲ့များက ရယူထားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သူပုန် တပ်ဖွဲ့သည် မာလီအစိုးရကို လေကြောင်းမှ ပစ်ကူပေးခဲ့သော ပြင်သစ် နိုင်ငံကိုလည်း ခြိမ်းခြောက်ထားသည်။ အိုနက်ဆာနှင့် ဂျီဟာ့ဒ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် အူလ်ဟာမာဟာက ပြင်သစ်သည် မိမိတို့၏ ငရဲတံခါးကို ကိုယ်တိုင် ဆွဲဖွင့်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားသွားသည်။

SHARE THIS
Previous Post
Next Post