နဘား - မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန်အဆန်ရထားအား KIA မှ မိုင်းခွဲတိုက်ခိုက်

Thursday, 10 January 2013

ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ်(၄၉) ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့နှင့် နန်းခွင်ဘူတာကြား မိုင်တိုင်အမှတ်(၆၅၄/၁၉) နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရထား လမ်းနှင့် ရထားတွဲများ ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သော ဟိုပင်ဘူတာမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရထားစက်ခေါင်းနောက်က ကုန်စိမ်းတွေတင်ထားတဲ့အတွဲ ကြမ်းခင်း ၁၅ ပေလောက်ပေါက်ပြီး လမ်းချော်သွားပါတယ်။ပါလာတဲ့ ရထားတွဲ ၆ တွဲလုံးဘီးချော်ပြီး ခရီးသည် တစ်ဦးသေပါတယ်ဟုပြောဆိုသွားသည်။ ရထားမှာ ကုန်တွဲ ၆ တွဲပါဝင်ပြီး ကုန်စိမ်းများ၊ နွားနှင့် ဝက်များ၊ စားသောက်ကုန်များ တင်ဆောင်လာပြီးခရီးသည် ၃၀ဦးခန့်စီးနင်းလာကြောင်းပြောဆိုခဲ့ပါသည်။ KIA အနေဖြင့် ယခုလို မိုင်းခွဲတိုက်ခိုက်ပြီးတိုင်း စစ်တပ်အသုံးပြုသော ရထားများကိုတိက်ခိုက်ခြင်းဖြစ်ဖြစ်ကြောင်း ပြောကြားလေ့ရှိပြီး ယခုဖြစ်စဉ်တွင် တိုက်ခိုက်ခံခဲ့ရသောရထားမှာ ခရီးသည်များနှင့် ကုန်စိမ်းများ စားသောက်ကုန်များ တင်ဆောင်လာ သည့် ခေါက်ပြန်ရထားဖြစ်ကြောင်း မြက်မြင်သက်သေများနှင့် ဒေသခံအားလုံးမှ တညီတညွတ်ထဲ ပြောဆိုကြသည်ဟု သတင်းရရှိသည်။ ယုအခါ လမ်းကြောင်းပိတ်ဆို့နေသောရထားနှင့်ပျက်စီးနေသောရထားလမ်းအားမြန်မာ့မီးရထားမှတာဝန်ရှိသူများမှပြင်ဆင်လျက်ရှိကြောင်းသတင်းရရှိသည်။

MON

SHARE THIS
Previous Post
Next Post