KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ အင်အား ၃၅ ယောက် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်

KIA တပ်မဟာ(၅)၊ တပ်ရင်း(၉)မှ ဒုတိယ တပ်ရင်းမှူး လရိန် ဦးစီး အင်အား ၃၅ ဦး သည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ နံနက် ၀၈၃၀ ချိန်ခန့်တွင် တပ်မဟာ(၅) နယ်မြေ အတွင်း၊ ဘန်တောင် ကျေးရွာ အနီးရှိ တပ်မတော် စခန်းတစ်ခု၌ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ၀င်ရောက်ခဲ့ကြောင်း သိရှိရသည်။ ၄င်းတို့နှင့် အတူ အမ်-၂၂ သေနတ် ၂၈ လက်၊ ကျည်အိမ်(၃၀)ခု၊ ၄င်းကျည် ၂၈၀၉ တောင့်၊ အမ် ၂၁ သေနတ် ၇ လက်၊ ကျည်အိမ် ၁၀ ခု၊ ၄င်းကျည် ၁၂၀၀ တောင့်၊ တရုတ်လက်ပစ်ဗုံး ၃၇ လုံး၊ မှန်ပြောင်း (BOSMA) ၂ လက်၊ အိုင်ကွန်အထိုင်စက် ၁ လုံး၊ Kenwood လမ်းလျှောက် စကားပြောစက် ၃ လုံး၊ ရီမုကွန်ထရိုးမိုင်း ၅ လုံး၊ လျှပ်စစ် ဒစ်တိုနေတာ ၅ ခု ပါရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့၏ ပြောကြားချက်အရ အဖွဲ့အတွင်း အာဏာပြိုင်မှုများကြောင့် လည်းကောင်း၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပြီး နိုင်ငံတော် တိုးတက်ရေးနှင့် ၄င်းတို့ဒေသ တိုးတက် ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမည် ကို မလိုလား၍ လည်းကောင်း၊ ကချင် ပြည်နယ် အတွင်းမှ တိုင်းရင်းသားတွေ အားလုံး စားဝတ်နေရေး ၊ ပညာရေး ၊ ကျန်းမာရေး ပြဿနာတွေ ၊ သေကြေ ပျက်စီးမှု ဒုက္ခတွေကို ခံစား နေကြရသည်ကို မကြည့်ရက်တော့ သောကြောင့်လည်းကောင်း ယခုလို ခွဲထွက်၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။
by စင်္ကာပူ

မှ Kachin Daily News

အေးချမ်းမွန်မှ Kachin Daily News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post