ရှငေါ်ရွာအနီးရွှေတူးဖော်သူ လုပ်သားများအား KIA မှဖမ်းဆီးခေါ်ဆောင်

Kachin Daily News

==========================================
ဝိုင်းမော် ဇန်န၀ါရီ ၂၄ရက်
ကချင်ပြည်နယ်နေရာအနှံအပြား၌ ရွှေတူးဖော်မှုကို ကုမ္ပဏီများက လုပ်ကိုင်သလို တနိုင်တပိုင်တူး ဖော် မှုများလည်း အများအပြားရှိပါသည်။ ၀ိုင်းမော် ရှငေါ်ရွာအနီး ရွှေမှော်များတွင် လာရောက်တူးဖော် နေသော အနယ်နယ်အရပ်ရပ်မှာ ရွှေလုပ်သားများကို ဇန်န၀ါရီလ ၂၂ ရက်နေ့ နေ့ လည် ၁၂နာရီခွဲခန့်က KIA မှ အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ရွှေတူး ဖော်နေ သူ အလုပ်သမား အမျိုးသား ၁၆ဦးကို ဖမ်းဆီးကာ နဒေကူးရွာဘက် သို့ ခေါ်ဆောင်သွားခဲ့ကြောင်းသိရှိရသည်။
အရင်ကကချင်ပြည်နယ်ရှိရွှေမှော်များတွင် ၀င်ငွေကောင်း၍ လာရောက်လုပ်ကိုင်နေသူအများအပြားရှိခဲ့ ကြသည်။ KIA နှင့် အစိုးရတပ်တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးနောက် KIA က ရွှေမှော်မှ အလုပ်သမားများကို တပ်သားသစ်အဖြစ် ဖမ်းဆီးစုဆောင်းမှုများ၊ ငွေတောင်းခံမှုများ ရှိခဲ့သည်။ အခု ရှငေါ်ရွာအနီး ရွှေမှော်မှ ဖမ်းဆီး သွားသော အလုပ်သမားများကိုလည်း တပ်သားသစ်ပြုလုပ်ခိုင်း စစ်တိုက်ခိုင်းရန် ဖြစ်နိုင်ကြောင်း၊ KIA တို့၏ ဖမ်းဆီးမှု၊ ငွေတောင်းခံနေမှုတို့ကြောင့် ရွှေတွင်းအလုပ်သမားများမှာ ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စိုးရိမ်မှုကြီးစွာဖြင့် လုပ်ကိုင် စားသောက် ရကြောင်း ဖမ်းဆီးရာတွင် ပုန်းအောင်းကျန်ရစ်ခဲ့သည့် ရွှေတွင်း လုပ်သား တစ်ဦးမှပြောဆိုခဲ့သည်။
Kachin Daily News
ဇန်န၀ါရီ ၂၄ရက်

SHARE THIS
Previous Post
Next Post