KIA ထောက်လှမ်းရေးတစ်ဦး မြစ်ကြီးနားတွင် ဖမ်းမိ

16 Jan 2013

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ် ကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင် တွင် နည်းပညာ တက္ကသိုလ် ကျောင်းသား အယောင်ဆောင် KIA သတင်းပေး ဇေလဇောင်း(ခ) L ဇောင်း အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၄င်းအား စစ်ဆေး မေးမြန်းချက်များ အရ ၄င်းသည် ကချင်ပြည်နယ် အတွင်းရှိ မန်ဂျယ် ကျေးရွာတွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် မေလအတွင်း KIA ၏ လူသစ် စုဆောင်းခြင်း ခံရကာ KIA တပ်မဟာ(၃) နယ်မြေ၊ မိုက်ဂျာယန် တွင် စစ်ပညာ၊ ထောက်လှမ်းရေး ပညာနှင့် ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ခဲ့ပြီး အမာခံ ပြည်သူ့စစ် အဖြစ် အရပ်သား အသွင်နှင့် မြစ်ကြီးနားမြို့သို့ ပြန်လည် စေလွှတ်ခဲ့ပြီး တပ်မတော် စစ်ကြောင်းများ၏ လှုပ်ရှားမှု များအား သတင်းရယူ စုံစမ်းရေး ကိစ္စရပ်များ ကို ဦးတည် လုပ်ဆောင် နေရကြောင်း နယ်မြေခံ လုံခြုံရေး အဖွဲ့၏ အကြမ်းဖျင်း ပြောကြားချက် အရ သိရှိရသည်။

၎င်းနှင့်အတူ ကျောပိုးအိတ် အတွင်းမှ တရုတ် လက်ပစ်ဗုံး ၃ လုံးနှင့် သတင်းရယူ ထားသော စာရွက်စာတမ်း များ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

(စင်္ကာပူဖီး)

SHARE THIS
Previous Post
Next Post