LCD တီဗီပေါ်မှာ ဈေးဝယ်မယ်

တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ စတိုင်းဆိုင် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေတဲ့ အမျိုးသမီး ကြည့်ရှုနေသော အရာများဟာ LCD တီဗီပေါ်က ချည်း ဖြစ်ပါတယ်။ တကယ့်အပြင်က ပစ္စည်းမဟုတ်ပါဘူး။

ကိုယ်လိုချင်တဲ့ ပစ္စည်းကို LCD ထိတွေ့မျက်နှာပြင်ကနေ လက်တို့ပြီး ဝယ်ရုံပဲ ဖြစ်ပါတယ်။ ဒီမှာ အခြား User Interface ပေးထားပါတယ်။ ဥပမာ ကိုယ်လိုချင်တဲ့ ပစ္စည်းအပေါ်လက်နဲ့ ထောက်လိုက်ရင် ဈေးနှုန်းက အစ သူနဲ့ ဆိုင်တဲ့ သတင်းအချက်အားလုံးပေါ်လာပြီး ကိုယ်စိတ်ကြိုက်ရွေးချယ်နိုင် မှာ ဖြစ်ပါတယ်။

စဝင်လိုက်ရင် User account တစ်ခုကို ပြုလုပ်ပေးပြီး ကိုယ်လိုချင်ရာမှတ် သားပြီး နောက်ဆုံးမှ ကောင်တာကို information send လုပ်လိုက်ရုံပဲ ဖြစ် ပါတယ်။ ဒီတော့ နောက်ဆုံးအထွက်မှာ ကိုယ်မှာထားတဲ့ ပစ္စည်းများကို ရရှိပြီး ငွေပေးချေရမှာ ဖြစ်ပါတယ်။ ယင်း နည်းပညာဟာ ယမန်နှစ်ကတည်းက တောင်ကိုရီးယားမှာ စသုံးပေမယ့် အကုန်အကျ များတဲ့အတွက် ဆိုင်အရေအတွက် တိုးပွားလာမှု မရှိကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး နည်းပညာ

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post